DVB Logo
Home
မြန်မာသတင်း
ဗန်းမော်၌ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
March 9, 2021
ဗန်းမော်၌ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
1 / 3
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မတ်လ ၈ ရက်က စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်ပြီး ပြန်လာသူ အနည်းဆုံး ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ဗန်းမော်မှာ လမ်းလျှောက်သပိတ်၊ ဆိုင်ကယ်သပိတ်တွေကို  လမ်းကြောင်းခွဲ ပြုလုပ်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ပြီးလို့ လူစုခွဲပြီး အသီးသီးပြန်ကြချိန်မှာ လမ်းသွားလမ်းလာပါ မကျန် အဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ မျက်မြင်တွေ့ရသူတွေက ပြောပါတယ်။

“ဗန်းမော်က နာရီစင်ဘက်မှာ ၆ ဦးလောက် အဆွဲခံရတယ်။ ညောင်ပင်ရပ်ကွက်က ၃ ဦးလောက် ပါတယ်။ စစ်တပ်ထဲက တယောက်လည်း ပါသွားပြီး သက်ဆိုင်ရာတပ်ကားက လာရောက်ခေါ်သွားတယ်။ တချို့လူတွေကိုတော့ ဗန်းမော်က ရှေ့နေတချို့က ဝိုင်းရံပေးထားတယ်”။

မနေ့ ညနေ ၅ နာရီ လောက်မှာလည်း ဆိုင်မှာ အကင်စားနေတဲ့ လူငယ်၄ ဦးကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ၃ ဦး ပါသွားတယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်ပွဲအပြီး အိမ်ပြန်ခဲ့ကြသူတွေ ရောဘတ်ဘုရားကျောင်းအနီးမှာလည်း ဝိုင်းထားခံခဲ့ရကာ သီသီလေး လွတ်မြောက်ခဲ့ကြပြီး မနေ့ညနေအထိ အိမ်စီးကားတွေနဲ့ လိုက်လံဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013