DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းဌာန၏ ရုပ်မြင်သံကြားနှင့် သတင်းအစီအစဉ်များကို ဆက်လက်ထုတ်လွှင့်နေကြောင်း အသိပေး ကြေညာချက်
DVB
·
March 9, 2021
ဒီဗွီဘီသတင်းဌာန၏ ရုပ်မြင်သံကြားနှင့် သတင်းအစီအစဉ်များကို ဆက်လက်ထုတ်လွှင့်နေကြောင်း အသိပေး ကြေညာချက်
Donate to DVB

ဒီဗွီဘီ ( ဒီမိုကရက်တစ်မြန်မာ့အသံ ) အပါအဝင်သတင်းဌာန ငါးခုကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင်က ၈ မတ်လ ၂၀၂၁ ရက်နေ့စွဲဖြင့် ထုတ်ဝေခွင့်ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထပ်ဆင့်ထုတ်လွှင့်ပေး‌သော ဒီဗွီဘီရုပ်မြင်သံကြားလိုင်းကိုလည်း ၁ ရက် ဖေဖော်ဝါရီ ၂၀၂၁ ‌မှ စ၍ ပိတ်သိမ်းခဲ့ပါသည်။ ဒီဗွီဘီသတင်းထောက်များကိုလည်း အကြမ်းဖက်ဖမ်းဆီးခဲ့ပါသည်။

လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်နှင့် ထုတ်ဖော်တင်ပြခွင့် (Freedom of Expression) ကို ကန့်သတ်ပိတ်ပင်ခြင်း ဖြစ်သဖြင့် ဒီဗွီဘီသတင်းဌာနက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။

ဒီဗွီဘီသတင်းဌာနသည် လွတ်လပ်သောသတင်းဌာနအဖြစ် ရပ်တည်ပြီး မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတိုက်ပွဲများကို အစဉ်အမြဲထောက်ခံအားပေးနေမည်ဖြစ်သည်။
ဒီဗွီဘီ သတင်းဌာန၏ ရုပ်မြင်သံကြားသတင်းအစီအစဉ်များကို PSI စလောင်းဖြင့် ဖမ်းယူ ကြည့်ရှုနိုင်ပါသည်။ DVB ဝက်ဘ်ဆိုက် ( burmese.dvb.no )၊ DVB Facebook စာမျက်နှာ ( DVB TV News ) နှင့် DVB Youtube များတွင်လည်း ကြည့်ရှုနိုင်ပါသည်။

အေးချမ်းနိုင်
အမှုဆောင်အရာရှိချုပ်
ဒီဗွီဘီ ( ဒီမိုကရက်တစ်မြန်မာ့အသံ)
Email: [email protected]

၉ မတ် ၂၀၂၁

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013