DVB Logo
Home
မြန်မာသတင်း
ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် ဘဏ်များဆက်ပိတ်ထား
DVB
·
March 8, 2021
ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် ဘဏ်များဆက်ပိတ်ထား
1 / 3
Donate to DVB

မြန်မာနိုင်ငံ မြို့ကြီးတွေက ဖွင့်လို့ရတဲ့ ပုဂ္ဂလိကဘဏ်တွေ ပြန်ဖွင့်ဖို့ နိုင်ငံတော်ဗဟိုဘဏ်က အကြောင်းကြားထားပြီး မဖွင့်ရင် အရေးယူမယ်လို့ ဖိအားပေး စာထုတ်ထားပေမဲ့ ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့တွေအတော်များများမှာ ဘဏ်တွေ မဖွင့်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်နဲ့ ကလေးမြို့တို့မှာလည်း ပုဂ္ဂလိကဘဏ်တွေ ဒီနေ့ ပိတ်ထားတုန်းဖြစ်ပါတယ်။

လက်ရှိမှာတော့ MPU (Myanmar Payment Union) စနစ် အသုံးပြုလို့မရနိုင်ကြောင့် ငွေထုတ်ကတ်တွေအနေနဲ့ တခြားဘဏ်က ငွေထုတ်စက်တွေမှာ ထုတ်လို့မရဘဲ သက်ဆိုင်ရာဘဏ်ရဲ့ ငွေထုတ်စက်တွေမှာပဲ ထုတ်လို့ရနေတယ်လို့ ဘဏ်ဝန်ထမ်းတယောက်က ပြောပါတယ်။

မနေ့ညက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေရှိခဲ့တဲ့ ပုသိမ်မြို့မှာလည်း  ပုဂ္ဂလိကဘဏ်တွေ ပိတ်ထားတယ်လို့ မြို့ခံ သတင်းထောက်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013