DVB Logo
Home
မြန်မာသတင်း
ဗန်းမော်လေဆိပ် ရဲဝန်ထမ်း ၇ ဦး CDM တွင် ပါဝင်လာ
DVB
·
March 7, 2021
ဗန်းမော်လေဆိပ် ရဲဝန်ထမ်း ၇ ဦး CDM တွင် ပါဝင်လာ
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်မြို့ရဲ့ လေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ရာထူးအဆင့် ၁ ဦး နဲ့ ရဲတပ်သား ၆ ဦးဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ  မတ် ၆ ရက်နေ့က ပူးပေါင်းပါဝင်လာကြတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ တရားမျှတမှု မရှိသော ဖက်ဆစ်ဝါဒီအုပ်ချုပ်ရေး အောက်မှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ဥပဒေမဲ့  ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်သတ်ဖြတ်မှုကို မြင်တွေ့နေတဲ့အတွက် ခုလိုပါဝင်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူလူထု နစ်နာစေဖို့ မတရားအမိန့်စေခိုင်းမှုတွေကိုလည်း လုံးဝမပြုလုပ်နိုင်ပါကြောင်း၊ ပြည်သူ့ကောင်းကျိုးကိုလိုလားပြီး ပြည်သူ့ဆန္ဒနဲ့ညီ အုပ်ချုပ်သော ပြည်သူအသစ်တစ်ရပ်ပေါ်ထွန်းလာမှသာ ပြန်လည်လုပ်ငန်းခွင်ဝင်မှာဖြစ်ပြီး လက်ရှိ အာဏာသိမ်း စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိတာကြောင့် CDM မှာ ငြိမ်းချမ်းစွာ ဆန္ဒပြပါဝင်သွားမယ်လို့ ရေးသားထားပါတယ်။

CDM ပါဝင်လာတဲံ လေကြောင်းရဲတပ်ဖွဲ့ဝင်တွေကတော့

ရဲတပ်ကြပ်ကြီး ညွန့်ဝင်းအောင်- လ၁၃၈၉၂၂

ရဲတပ်သား ဇော်ဆိုင်း လ၂၄၈၇၈၃  ရဲတပ်သား ကျော်သက်ဝင်း-လ၂၅၁၅၇၅

ရဲတပ်သား မိုးစန္ဒာဦး-လ၂၈၆၈၇၅

ရဲတပ်သား သင်းသင်းစိုး-လ၂၈၆၉၀၅

ရဲတပ်သား တင်တင်အေး-လ၂၇၈၉၈၁

ရဲတပ်သား လင်းလင်းထွေး -၂၇၉၄၆၅

တို့ဖြစ်ကြပါတယ်။

ဗန်းမော်လေဆိပ်နဲ့ လေကြောင်းရုံးမှာ စုစုပေါင်းဝန်ထမ်း ၁၃ ဦးရှိပြီး ၇ ဦးဟာ CDM မှာ ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013