မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့မှာ မတ်လ ၇ ရက်နေ့က မနက် ၉ နာရီလောက် စစ်အာဏာရှင်ဆန်ကျင်ရေး ပြည်သူ့သပိတ်စစ်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) တပ်ဖွဲ့ဝင်တချို့ လာရောက်ဝန်းရံခဲ့တယ်လို့ သိရပါတယ်။
အခုလို စစ်အာဏာရှင်ဆန်ကျင်တဲ့ ပြည်သူ့သပိတ်စစ်ကြောင်းအား လာရောက်ဝန်းရံပေးမှုအပေါ် သထုံခရိုင် KNU တပ်မဟာ (၁) ဆက်ဆံရေးရုံး တာဝန်ခံကိုဆက်သွယ်စုံစမ်းမေးမြန်းရာမှာတော့ ဆက်သွယ်မှုမရရှိခဲ့ပါဘူး။
ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက လာရောက်တားဆီးစဉ် KNU တပ်မဟာ(၁)တပ်ဖွဲ့ဝင်တချို့နဲ့ နှစ်ဖက်ထိပ်တိုက်ပြောဆိုမှုတွေရှိခဲ့ပြီး ဆန္ဒပြသူတွေက ဆက်လက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရပါတယ်။