DVB Logo
Home
မြန်မာသတင်း
ကာကင်းပွိုင့် ၅၀၀ ၏ ယာယီစခန်းအချို့ကို AA သိမ်းပိုက်ပြီး တိုက်ပွဲဆက်ဖြစ်နေ
DVB
·
June 27, 2026
Photo : AA
Photo : AA
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းလမ်းပေါ်က စစ်တပ်ရဲ့ ကာကင်း ပွိုင့် ၅၀၀ ကုန်းအနီးက ယာယီစခန်းတချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီး နှစ်ဖက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးက စစ်ကောင်စီရဲ့လက်နက်ထုတ်လုပ်စက်ရုံ ကပစ(၁၆)ရဲ့ အဓိက ကာကင်းပွိုင့်တခုဖြစ်တဲ့ ပွိုင့် ၅၀၀ ကာကင်းကုန်းအနီးက စစ်ကောင်စီယာယီတပ်စွဲ နေထိုင်တဲ့ စခန်း ၃ ခုကို AA က ဇွန်လတတိယအပတ်မှာ သိမ်းပိုက်တာလို့ AA နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။

“ပွိုင့် ၅၀၀ ကုန်းကနေ စစ်ကောင်စီကရှေ့ကိုတိုးပြီး AA ထိန်းချုပ်ထားတဲ့ဘက်ကို ထိုးစစ်ဆင်ရင်း တိုက်ပွဲဖြစ်တာကနေ AA က သူတို့ရဲ့ယာယီစခန်း ၃ ခုကို သိမ်းလိုက်တာမှန်တယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ ပွိုင့် ၅၀၀ ကုန်းပတ်ဝန်းကျင်ကို လေကြောင်းပစ်ကူယူပြီး လက်ရှိ AA သိမ်းပိုက် ထားတဲ့ ကာကင်းတွေကို ဆက်လက်ထိုးစစ်ဆင်လာလို့ နှစ်ဖက်တိုက်ပွဲ ပြန်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“စစ်ကောင်စီဘက်က အင်အားဖြည့်ပြီး ထိုးစစ်ပြန်ဆင်တယ်။ လေကြောင်းပစ်ကူ၊ လက်နက်ကြီး တွေ ပစ်ကူပေးလို့ AA ဘက်က နောက်ဆုတ်ရတဲ့အခါမျိုးလည်းရှိတယ်။ စစ်ကောင်စီဘက်က ထပ်ပြီးတိုက်တယ်၊ AA ဘက်က ပြန်ပြီးတကျော့ပြန်တိုက်လို့ ဒီရက်ပိုင်း တိုက်ပွဲက ပြန်ဖြစ်နေတယ်။ စစ်ကောင်စီရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေလည်း ရလိုက်တယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ ယာယီစခန်းတွေ ကျသွားပြီးတဲ့နောက် လေတပ်ကနေ ဂျက်၊ Y12၊ ဒရုန်း၊ လက်နက်ကြီး၊ ပါရာမိုတာတွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013