DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မတ္တရာ NLD ဘဏ္ဍာရေးမှူးအား ပြန်လွှတ်ပေးရန် တောင်းဆိုသူများကို ပစ်ခတ်ဖြိုခွင်း၊ ၂ ဦး ဒဏ်ရာရ
DVB
·
March 7, 2021
ဖမ်းဆီးခံ မတ္တရာ NLD ဘဏ္ဍာရေးမှူးအား ပြန်လွှတ်ပေးရန် တောင်းဆိုသူများကို ပစ်ခတ်ဖြိုခွင်း၊ ၂ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

မတ္တရာမြို့နယ် NLD ပါတီ ဘဏ္ဍာရေးမှူး ဦးကိုကိုလွင်ကို မတ် ၆ ရက်နေ့ ည ၇ နာရီက အရပ်ဝတ်​တွေနဲ့ လာ​ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မတ္တရာမြို့ခံ​တွေဆီက သိရပါတယ်။

မတ္တရာမြို့မှာ​တော့ ဦးကိုကိုလွင်နဲ့အတူ CDM လုပ်​ဆောင်​နေတဲ့ ဒေါက်တာရဲမြတ်၊ ဒုပညာရေးမှူး ဦးကျော်ဝင်းလတ်တို့ကို ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီး​ခေါ်​ဆောင်သွားတဲ့ ဦးကိုကိုလွင်ကို ပြန်လွှတ်​ပေး​ရေး ညတွင်းချင်းမှာပဲ မတ္တရာမြို့ အ​ထွေ​ထွေအုပ်ချုပ်​ရေးရုံးရှေ့မှာ မတ္တရာမြို့ခံ​တွေက ​တောင်းဆို​ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြန်လွှတ်​ပေးဖို့ ​တောင်းဆို​နေတဲ့လူစုကို ည ၈ နာရီ ၄၅ မိနစ်ခန့်မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ​သေနတ်ပစ်ခတ်ကာ ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

ရာဘာကျည်နဲ့ ပစ်ခတ်မှု​ကြောင့် လူ ၂ ဦး ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013