DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်၌ အဖမ်းခံရသည့် သပိတ်မှောက်ပြည်သူ တစ်နေ့ကို အယောက် ၅၀၀ ကျော်ရှိ
DVB
·
March 5, 2021
အင်းစိန်ထောင်၌ အဖမ်းခံရသည့် သပိတ်မှောက်ပြည်သူ တစ်နေ့ကို အယောက် ၅၀၀ ကျော်ရှိ
1 / 10
Donate to DVB

ရန်ကုန်၊ အင်းစိန်ထောင်မှာ အဖမ်းခံထားရတဲ့ သပိတ်မှောက်ပြည်သူတွေ တစ်နေ့ကို  အယောက် ၅၀၀ ကျော်ရှိတယ်လို့ သပိတ်မှောက်ပြည်သူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ 

ပြန်လွတ်လာသူတွေလည်းရှိပြီး ပြန်လွတ်လာသူ အရေအတွက် ဘယ်လောက်ရှိသလဲဆိုတာ  အတိအကျပြောလို့မရသေးပါဘူး။

အင်းစိန်ထောင်အထဲမှာ ဖမ်းလာတဲ့သူတွေကို စစ်ဆေးမှုတွေပြုလုပ်ကာ ပြန်လွှတ်တာတွေရှိနေပြီး ၅၀၅ ပုဒ်မနဲ့ငြိတဲ့သူတွေကိုတော့ စစ်တဲ့စစ်ချက်ပေါ်မှာမူတည်ပြီး ရမန်ယူ ပုဒ်မစွဲတတ်တာမျိုးတွေရှိတယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ 

အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ဖမ်းဆီးခံထားရသူရဲ့မိသားစုဝင်တွေဟာ အကျိုးဆောင်ရှေ့နေတွေကို ချိတ်ဆက်ပြီး မနေ့ကဖမ်းတဲ့သူဆိုရင် ၂၄ နာရီ ဒါမှမဟုတ် ၄၈ နာရီအထိ စောင်းခိုင်းပြီး တစ်ရက် ၊ တစ်ရက်ကျော်မှ ဖမ်းဆီးခံထားရသူတွေ ပြန်မလွှတ်လာဘူးဆိုရင်  စာရင်းနဲ့လုပ်ပြီး ထောင်မှာမေးတာမျိုးတွေကို ပြုလုပ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ၅၀၅ ပုဒ်မတပ်ခံထားရ တယ်ဆိုရင် အဲ့ဒီအပေါ်မှာကြည့်ပြီးတော့ တရားရုံးမှာ ဆက်ပြီး ဆောင်ရွက်ပေးတာမျိုးတွေ ပြုလုပ်နေတယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။

အဖမ်းခံရသူအများစုဟာ ကမာရွတ်၊ လှိုင်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ အလုံ၊ သဃန်းကျွန်းမြို့နယ်စတဲ့  သပိတ်တွေမှာ ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၂၇ ရက်က စတင်ပြီး ရန်ကုန်မှာ သပိတ်မှောက်ပြည်သူတွေကို စတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး မတ်လ.၂ ရက်နေ့မှာ စစ်ဆေးပြီး ပြန်လွှတ်တာမျိုးတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

ဖမ်းဆီးသွားတဲ့သပိတ်မှောက်ပြည်သူတွေကိုတော့ လုပ်ထုံးလုပ်နည်းအရ ကျိုက္ကဆံစစ်ကြောရေးကို အရင်ပို့စစ်ဆေးမှုတွေပြုလုပ်တာဖြစ်ပါတယ်။ အဲ့ဒီကစစ်ဆေးမှုအပြီးမှာ အင်းစိန်ထောင်ထပ်မံပို့ပြီးမှ ရဲစခန်းကိုပြန်လွှတ်ပြီး အဲ့ဒီအခါကျမှ မိသားစုဝင်တွေက နောက်ကလိုက်ပြီး  ပြန်ရွေးတာမျိုးတွေ ရှိပါတယ်။

တစ်စုံတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သတင်းမကြားသိရပါက မိသားစုအနေနဲ့ ICRC ထံ Hotline 09891754512  ကိုဆက်သွယ်နိုင်ပြီး  ICRC ရန်ကုန်ရုံးကိုလည်း တနင်္လာမှ သောကြာအတွင်း မနက် ၉ နာရီမှ ၅ နာရီအကြား သွားရောက်နိုင်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013