DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသူများကို စာရင်းပြုထားသည့် ဝက်ဘ်ဆိုက်လွှင့်တင်
DVB
·
March 5, 2021
နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသူများကို စာရင်းပြုထားသည့် ဝက်ဘ်ဆိုက်လွှင့်တင်
Donate to DVB

လတ်တလော မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေမှာ ကျဆုံးသွားသူတွေကို စာရင်းပြုစုထားတဲ့ ဝက်ဘ်ဆိုက်အင်တာနက် စာမျက်နှာတခုကို လွှင့်တင်ထားတာကို တွေ့ရပါတယ်။

 “Heroes of Myanmar”လို့ အမည်ပေးထားတဲ့ အဆိုပါ ဝက်ဘ်ဆိုက်အင်တာနက် စာမျက်နှာပေါ်မှာတော့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းမှုတွေကြောင့် သေဆုံးသွားခဲ့ရသူ ၃၈ ဦးရဲ့ အမည်၊ အသက်၊ သေဆုံးရက်စွဲ၊ သေဆုံးရတဲ့ အကြောင်းအရင်းစတဲ့ အချက်အလက်တွေနဲ့ စနစ်တကျ စာရင်း ပြုစုပေးထားတာ ဖြစ်ပါတယ်။

ဖော်ပြထားတဲ့ အချက်အလက်တွေကိုတော့ အွန်လိုင်းမှရယူကာ မတ် ၃ ရက်မှာ နောက်ဆုံးပြင်ဆင်ထားခဲ့ပြီး သတင်းနောက်ထပ်ရရှိပါက၊ သတင်းမှားယွင်းမှုရှိပါက အတတ်နိုင်ဆုံး ပြင်ဆင်ပေးသွားမှာဖြစ်ကာ  သတင်းပေးပို့၊ ဖြည့်စွက်လိုပါက Controls ကိုနှိပ်ပြီး Form ဖြည့်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ တရက်တည်းမှာတင် နိုင်ငံအနှံ့ နေရာများစွာမှာ ရဲနဲ့ စစ်တပ် အင်အားစုတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လူသေစေလောက်တဲ့ အင်အားသုံးပြီး တော့ရော အသက်သေဆုံး လောက်အောင် မပြင်းထန်တဲ့ အင်အားတွေ သုံးပြီးတော့ပါ တိုက်ခိုက်ခဲ့လို့  အနည်းဆုံး ၁၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ် ရာရခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ အရ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။

သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတဲ့ထဲမှာ ရန်ကုန်၊ ထားဝယ်၊ မန္တလေး၊ မြိတ်၊ ပဲခူးနဲ့ ပခုက္ကူမြို့တွေမှာ ကျည်ဆန်အစစ်တွေအသုံးပြုပြီး လူအုပ်တွေထဲကို ပစ်ခတ်ခဲ့တဲ့အတွက် ကြောင့် ဖြစ်ကာ နေရာအနှံ့ အသံမြည်ဗုံး၊ မီးဗုံးနဲ့ မျက်ရည်ယိုဗုံးတွေကိုလည်း အသုံးပြုခဲ့ ကြကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှု တလတာရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသ မားတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ပိုမိုမြင့်တက်နေပါ တယ်။

တော်လှန်ရေးကာလတလျှောက် သွေးထွက်သံယိုအဖြစ် အများဆုံးနေ့လို့ ပြောရ မယ့် မတ် ၃ ရက်နေ့ တရက်ထဲမှာတင် ၃၈ ယောက်သေဆုံးခဲ့ပြီး စစ်အာဏာ စသိမ်း ကတည်းကဆိုရင် ပြည်သူအယောက် ၅၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိထားခဲ့ကြကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013