Home
မြန်မာသတင်း
မော်လမြိုင်တက္ကသိုလ်ကျောင်းသား ၁ ဦး သေနတ်ကျည်ဆန် ဦးခေါင်းထိမှန် သေဆုံး
DVB
·
March 4, 2021
mon4
154979477_417850166180185_8372791531417026385_n-1
mon3

မွန်ပြည်နယ်၊ မော်လမြိုင်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ၁ ဦး သေနတ်ကျည်ဆန် ဦးခေါင်းထိမှန်ပြီး မတ်လ ၃ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ သေဆုံးခဲ့တယ်လို့ ငွေမိုးဆေးရုံ တာဝန်ခံဆရာဝန်က ဒီဗွီဘီကို အတည်ပြုပါတယ်။

အသက် ၁၉ နှစ်အရွယ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား မောင်ထက်ဝေထူးဟာ မတ်လ ၃ ရက် ညနေ ၅ နာရီလောက်က မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်လို့ သူကိုယ်ပိုင်ဖွင့်ထားတဲ့ အအေးဆိုင်ကနေ ဆန္ဒပြတဲ့ ပြည်သူတွေကို ထွက်ကြည့်ရင်း သေနတ်ထိမှန်ခဲ့တာပါ။

တာဝန်ခံဆရာဝန်က “သေနတ်ကျည်က နဖူးအလယ် တည့်တည့်ကနေ ဦးခေါင်းအခွံကို ဖြတ်ပြီးဝင်သွားတာပါ။ ဓာတ်မှန်ရိုက်ကြည့်တော့ သေနတ်ကျည်က နောက်စေ့အနား ရှိနေတယ်၊ ရော်ဘာကျည်တော့ မဟုတ်ဘူး၊ ကျည်အစစ်ပါ” လို့ ပြောပါတယ်။

မော်လမြိုင်မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က လူငယ် ၁ ဦး အခုလိုပဲ သေနတ်ကျည်ဆန် ဦးခေါင်းကို ထိမှန် သေဆုံးခဲ့ပါတယ်။

ဒါကြောင့် မော်လမြိုင်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024