DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် ရဲနဲ့တပ်အင်အား အလုံးအရင်းချထားသဖြင့် ပြောက်ကျားနည်းဖြင့် ဆန္ဒထုတ်ဖော်
DVB
·
March 3, 2021
ရွှေဘိုတွင် ရဲနဲ့တပ်အင်အား အလုံးအရင်းချထားသဖြင့် ပြောက်ကျားနည်းဖြင့် ဆန္ဒထုတ်ဖော်
1 / 3
Donate to DVB

ရွှေဘိုမြို့ လမ်းမတော်တစ်လျှောက် ဆန္ဒထုတ်ဖော်မယ့်နေရာတွေမှာ ရဲနဲ့တပ်အင်အား အလုံးအရင်းထားရှိတာကြောင့် G Z လူငယ်တွေဟာ လမ်းကြားထိပ်တွေမှာ လူစုခွဲပြီး လူနည်းစု ပြောက်ကျားနည်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်နေတဲ့ နေရာကိုလည်း လုံခြုံရေတပ်ဖွဲ့ဝင်တွေ မဝင်နိုင်အောင် ရပ်ကွက်နေပြည်သူတွေက လမ်းပိတ်ထားတယ်လို့ ဆန္ဒပြ ပြည်သူတွေကပြောပါတယ်။

ရွှေဘိုမှာ ဆန္ဒပြ ဖမ်းဆီးခံရသူ ၁၃ ဦးရှိပြီး မတ်လ ၁ ရက်နေ့က ၃ ဦးက အာမခံရရှိပြီး မတ် ၂ ရက်နေ့ ဖမ်းဆီးခံရတဲ့ ၈ ဦးကတော့ ပုဒ်မ ၁၄၅၊ပုဒ်မ ၅၀၅(က) တရားစွဲခံထားရပြိး ချုပ်ရက်ရမန်ယူထားတယ်လို့ ရှေ့နေတဦးက ပြောပါတယ်။

ဆန္ဒပြပြည်သူတွေ ဖမ်းဆီးခံရပါက အကူအညီတောင်းနိုင်ဖို့ ရွှေဘိုတရားလွှတ်တော် ရှေ့နေများနဲ့ အထက်တန်းရှေ့နေများအဖွဲ့က ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေ၊ FB စာမျက်နှာတွေနဲ့ လက်ကမ်းကြော်ငြာတွေ ပေးဝေထားတယ်လို့ ဆိုပါတယ်။

မတ်လ ၃ ရက် မနက်ပိုင်းကလည်း ကျောင်းသားရဲဘော် ကိုဟန်သူကို အိမ်စီးကား အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ရွှေဘိုတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သူက ပြောကြားပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့မစျေး ထိပ်လမ်းကြားမှာ ရပ်ထားတဲ့ ဆိုင်ကယ် ၇ စီးကိုလည်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားတယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013