DVB Logo
Home
မြန်မာသတင်း
အမေရိကန်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ သံရုံးအုပ် ၁ ဦး CDM လှုပ်ရှားမှုတွင် ပါဝင်လာ
DVB
·
March 3, 2021
အမေရိကန်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ သံရုံးအုပ် ၁ ဦး CDM လှုပ်ရှားမှုတွင် ပါဝင်လာ
Donate to DVB

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement) မှာ အမေရိကန်ပြည်ထောင်စုရှိ  မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ သံရုံးဝန်ထမ်း ၁ ဦး လည်း ပူးပေါင်း ပါဝင်လာပါတယ်။

သူကတော့ သံရုံးအုပ်တာဝန်နဲ့ ရောက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဒေါ်မြမြကြည်ဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ဒီအကြောင်းနဲ့ ပတ်သက်ပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

သူ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာ ၂၃ နှစ်ကျော်ရှိ ပြီဖြစ်ကာ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့  အစိုးရလက်ထက် တာဝန်ပေးစေလွှတ်မှုကြောင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ  သံရုံးအုပ်အနေနဲ့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာ ၃ နှစ်ပြည့် မြောက်ပြီးဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံခြားရေးဝန် ကြီးဌာနကို ပြောင်းရွှေ့ဖို့ တရားမဝင်အမိန့်တရပ်ကိုထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်ဟာ တရားမဝင်တဲ့အတွက် သူ့အနေနဲ့ ပြောင်းရွှေ့မှာ မဟုတ်ကြောင်းနဲ့ ပြည်သူ့အာဏာရတ ရားဝင်ပြည်သူ့အစိုးရ (သို့မဟုတ်) ဒီနေ့ခန့်အပ်လိုက်တဲ့ ခေတ္တပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောင်းရွှေ့မိန့် ထုတ်ပြန်မှသာ သူ့အနေနဲ့ အမိန့်နာခံ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါကြောင့်မို့ အာဏာသိမ်းစစ်အုပ်စု အမြန်ကျဆုံးဖို့၊ အာဏာသိမ်းစစ်အုပ်စုရဲ့ အုပ်ချုပ်မှု ယန္တရားတွေ ရပ်တန့်သွားဖို့ ရည်ရွယ်ချက်နဲ့ မတ် ၂ ရက်နေ့ကစတင်ကာ မိမိဆန္ဒအလျောက် ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းနဲ့ CDM ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

  “ကျွန်မသည် အလုပ်ထွက်သည် မဟုတ်ပါ၊ ရုံးမတက်၍ ရုန်းထွက်ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ လုပ်ရပ်သည် မိမိတစ်ဦးတည်း၏သဘောဆန္ဒအရ ပြုလုပ်ခဲ့သည့်အတွက် မိမိမှာသာတာဝန်ရှိပြီး၊ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။ အကြမ်းဖက်အုပ်စု အလို မရှိ။  #SupportCRPHGovernment #စစ်အာဏာရှင်စနစ်မုချကျရှုံးရမည် #MyanmarMilitaryCoup #HearTheVoiceOfMyanmar #SaveMyammar #CivilDisobedience”

သိပ်မကြာခင်ကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ အန်အယ်လ်ဒီ အရပ်သားအစိုးရကိုပဲ ဆက်လက်ပြီးတော့ ကိုယ်စားပြုမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာနပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013