DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်သို့ ရဲဝတ်စုံဝတ် လက်နက်ကိုင်အင်အား ၁၀၀ ခန့်ထပ်မံရောက်ရှိလာ
DVB
·
March 3, 2021
ကယားပြည်နယ်သို့ ရဲဝတ်စုံဝတ် လက်နက်ကိုင်အင်အား ၁၀၀ ခန့်ထပ်မံရောက်ရှိလာ
1 / 10
Donate to DVB

ကယားပြည်နယ်ကို နေပြည်တော်မှ  ရဲကား ၄ စီး နဲ့ ရဲဝတ်စုံဝတ်လက်နက်ကိုင်အင်အား  ၁၀၀ လောက်  မတ်လ ၂ ရက်နေ့မှာ ထပ်မံဝင်ရောက်လာပါတယ်။

ဒီလို ကယားပြည်နယ်ကို ဝင်ရောက်လာသူတွေဟာ  ရဲတပ်ရင်း အမှတ် ၁၀ က တပ်ဖွဲ့ဝင်တွေလို့ သတင်းတွေထွက်နေပေမဲ့  အမှန်တကယ် ရဲတပ်ဖွဲ့ဝင်တွေလား၊ ရဲယူနီဖောင်းဝတ် စစ်သားတွေလား ဆိုတာကိုတော့  ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

စစ်အာဏာသိမ်းပြီး တလအတွင်း ကယားပြည်နယ်အတွင်း လူထုတွေဟာ နေ့စဉ်နဲ့အမျှ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြသလို ပညာရေး၊ ကျန်းမာရေး၊ သစ်တော အစရှိတဲ့ ဝန်ထမ်းတွေလည်း CDM ပါဝင်ပြီး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေခဲ့ကြပါတယ်။

အထူးသဖြင့် ကယားပြည်နယ်တွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၂၄၀ ကျော်ထဲက ၈၁ ဦးဟာ လူထုတွေနဲ့ ပူးပေါင်းပြီး CDM မှာ ပါဝင်လှုပ်ရှားနေကြောင်း ကယားပြည်နယ်ရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်ကော်မတီက ပြောဆိုထားပါတယ်။

ဒါကြောင့်အခု ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ CDM လုပ်သွားတဲ့ ရဲတပ်ဖွဲ့ဝင်အစားထိုးဖို့လား၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ဖြိုခွင်းဖို့လားဆိုတာ ဒေသခံတွေ အကြား ထင်ကြေးအမျိုးမျိုးပေးပြီးပြောဆိုကြပါတယ်။

ဒီနေ့ မတ်လ ၃ ရက်နေ့မှာ လမ်းပေါ်ထွက် ဆန္ဒပြမယ့်ပြည်သူတွေကိုလည်း သတိထားပြီး လှုပ်ရှားဖို့ ပြောဆိုနေတာမျိုးတွေ ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး  မတ်လ ၂ ရက်နေ့အထိ လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့ ကယားပြည်နယ်က လူထုတွေကို အကြမ်းဖက် ဖြိုခွင်းတာမျိုး မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013