DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့ နွေဦးတော်လှန်ရေး ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က လူစုခွဲ
DVB
·
March 2, 2021
ဗန်းမော်မြို့ နွေဦးတော်လှန်ရေး ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က လူစုခွဲ
1 / 4
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ကမ်းနားလမ်းမှာ မတ်လ ၁ ရက်နေ့က အာဏာဖီဆန် CDM ထိုင်သပိတ် ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့က လာရောက်လူစုခွဲခဲ့ပါတယ်။

ဗန်းမော်တက္ကသိုလ် ကျောင်းပေါင်းစုံမှ ကျောင်းသားတွေ၊ မိုးမောက်မြို့မှ လူငယ်တွေ၊ ဗန်းမော်လူငယ်တွေက နွေဦးတော်လှန်ရေး ထိုင်သပိတ်လုပ်ဖို့ လူစုနေစဉ် ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လူစုခွဲပေးဖို့ ပြောခဲ့ရာမှာ လူငယ်တွေက အချိန်တစ်ခုပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အဆင်မပြေခဲ့ဘဲ လူစုခွဲခံခဲ့ရပါတယ်။

ဆက်လက်ပြီး လူငယ်တွေက CDM သံချပ်နဲ့  CDM မှာ ပါဝင်ဖို့ နှိုးဆော်ဟစ်ကြွေးရာ အသံချဲ့စက် အသုံးမပြုဖို့ ရဲက တားမြစ်ခဲ့တာကြောင့် ယုံကြည်ရာသီချင်းကို ကချင်လူငယ်များ တေးဂီတအဖွဲ့နဲ့အတူ သံပြိုင်ဟစ်ကြွေးခဲ့ကြပါတယ်။

ဒီနောက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသူတွေအတွက် တစ်မိနစ်ခန့် ငြိမ်သက်ကာ အပြာရောင်တေးသံစဉ်နဲ့  တယောထိုးကာ လူစုခွဲခဲ့ကြပြီး လူထုတွေက လက်ခုပ်တီးကာ အားပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013