စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်မှာကျင်းပတဲ့ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြပွဲမှာ ပြည်သူအင်အား ၅,၀၀၀ ခန့် ပါဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကန့်ကွက်ဆန္ဒပြမှုတွေ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အကြမ်းဖက်ဖြိုခွင်းတာ ဖမ်းဆီးတာတွေရှိနေပေမယ့် ကောလင်းမြို့နယ်မှာတော့ သပိတ်ဖြိုခွင်းတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ကောလင်းမြို့နယ်မှာ စစ်အာဏာရှိစနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေကို ဖေဖော်ဝါရီ ၈ ရက်ကစပြီး နေ့စဥ် ဆန္ဒပြပြည်သူ သောင်းနဲ့ချီပါဝင်ခဲ့သလို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ လူဦးရေ ၁ သိန်းလောက်အထိ ပါဝင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ ပညာရေးဌာန၊ ရှေ့နေများအဖွဲ့၊ သစ်ထုတ်လုပ်ရေးဌာန၊မြေ စာရင်းဌာန၊ မီးရထားဌာနတွေ ပါဝင်ခဲ့ပြီး တောင်သူလယ်သမားသမဂ္ဂအဖွဲ့နဲ့ ဆန်စက်နဲ့ ဆန်ကုန်သည်အဖွဲ့တွေလည်း သပိတ်မှာ ပါဝင်ခဲ့ပါတယ်။