
ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုက စက်တင်ဘာ ၅ ရက်မှာ ပိုလန်နိုင်ငံ ကတ်တိုဝှိုက်စ်မြို့မှာ ကျင်းပတဲ့ ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလားအဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။
အဲဒီအချိန်မှာ သတင်းထောက်တွေက သူ့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ စီးပွားရေးအခွင့်အရေး တစိတ်တပိုင်း ရောင်းချဖို့ အဆိုပြုခဲ့တဲ့ အစီအစဉ် ပျက်သွားတဲ့အပေါ် နောင်တရလား၊ နောက်နှစ် ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ပြန်အရွေးခံမလားဆိုတာ မေးမြန်းခဲ့ပါတယ်။
အင်ဖန်တီနိုကတော့ အဲဒီမေးခွန်းတွေကို တိုက်ရိုက်မဖြေဘဲ “ပြောစရာတွေ အများကြီးရှိပေမဲ့ အခုက ပြောဖို့ အချိန်နဲ့နေရာ မဟုတ်သေးဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဖီဖာရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှယ်ယာရောင်းချမဲ့ အစီအစဉ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အပါအဝင် ဘောလုံးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးနောက် ဇူလိုင်လကုန်ပိုင်းမှာ ရပ်ဆိုင်းခဲ့ပါတယ်။
အင်ဖန်တီနိုကတော့ ကမ္ဘာတဝန်းက ဘောလုံးသမားတွေနဲ့ နိုင်ငံအသီးသီးအတွက် အခွင့်အရေးတွေ ပိုမိုရရှိလာအောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။











