DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ဥပဒေဖြင့် တရားစွဲထားသည့် တောင်ကုတ် စည်ပင်ဥက္ကဋ္ဌအပါအဝင် ၄ ဦးကို စွဲချက်တင် အမိန့်ချ
DVB
·
February 27, 2021
အကြမ်းဖက်ဥပဒေဖြင့် တရားစွဲထားသည့် တောင်ကုတ် စည်ပင်ဥက္ကဋ္ဌအပါအဝင် ၄ ဦးကို စွဲချက်တင် အမိန့်ချ
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံနေရတဲ့ စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်နဲ့ ဥက္ကဌဟောင်း ဦးစန်းငွေ အပါအဝင် ၄ ဦးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)နဲ့ စွဲချက်တင်အမိန့်ချမှတ်လိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေဒေါ်သင်္ဂီမောင်က ပြောပါတယ်။

“ဒီနေ့ သူတို့ကို စွဲထားတဲ့ပုဒ်မ-၅၂(က)နဲ့ စွဲချက်တင်ဖြေရှင်းဖို့အတွက် တရားရုံးက အမိန့်ချလိုက်တယ်။ အဲဒါကြောင်မို့လို့ နောက် ၁ ပတ် ၃ ရက်နေ့ကို ရုံးချိန်းထားတာပေါ့နော်။ သူတို့ ၄ ယောက်ထဲမှာ ၂ ယောက်ကို အရင်စစ်မှာပေါ့။ နောက်အပတ်တွေကျတော့မှ ကိုယ့်ဘက်က သက်သေတွေ စစ်မယ်၊ စစ်ပြီးတော့မှ အပြီးသတ်အမိန့်ချမှာပေါ့။ ရုံးချိန်းကတော့ အကြိမ် ၂၀ လောက်တော့ရှိတော့မယ်၊ သူတို့က ၂၀၂၁၊ ၅ လပိုင်း ဆိုရင် ၁ နှစ်ပြည့်ပါပြီ” လို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်၊ စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေ၊ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီက ဒုဥက္ကဋ္ဌ ဦးဝေသောင်းနဲ့ လူမှုရေးတွေမှာ တက်ကြွစွာပါဝင်လုပ်ကိုင်နေတဲ့ ဦးစည်သူကျော်ဇံတို ၄ ဦးကို စစ်တွေမြို့ အထူးသတင်းရဲတပ်ဖွဲ့မှ ရဲမှူးဇော်မြင့်ထွန်းက  တောင်ကုတ်မြို့မရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(က)၊၅၂(က) တို့နဲ့ တရားလိုပြု အမှုဖွင့်လှစ်ခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစတင်ပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော်တို့ တိုက်ပဲဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်သံသယနဲ့ ဖမ်းဆီးကာ တရားစွဲခံထားရသူ ၂၀၂၀ ပြည့်နှစ် သြဂုတ်လထိ ၂၇၆ ဦး ရှိတယ်လို့ သဇင်ဥပဒေအထောက်အကူပြုရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013