DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်မပြုရန် ကုလအထူးကိုယ်စားလှယ်ပြော
DVB
·
February 27, 2021
အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်မပြုရန် ကုလအထူးကိုယ်စားလှယ်ပြော
Donate to DVB

စစ်တပ်ဟာ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တာကြောင့် အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာက ပြောလိုက်တာပါ။

 “တည်ဆဲဥပဒေယန္တရားတွေကို ကျင့်သုံးရမယ့်အစား စစ်တပ်ဟာ အာဏာသိမ်းဖို့ ကြိုးပမ်းမှု တရားဝင်စေဖို့ မတူခြားနားတာတွေကို လိုသလို အသုံးချပြီး အကြောင်းပြခဲ့တယ်။ ကျမက “ကြိုးပမ်းမှု” လို့ ပြောရတဲ့အကြောင်းကတော့ အာဏာလွှဲယူမှုဟာ တည်ငြိမ်မှုမရှိတဲ့အပြင် လူထုက ပစ်ပစ်ခါခါ ပယ်ချနေပုံရှိပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒီအာဏာသိမ်းအစိုးရအပေါ် တရားဝင်မှု မပေးဖို့ အသိအမှတ်မပြုဖို့ အရေးကြီးပါတယ်။ ကျမက “အာဏာသိမ်းမှု” လို့ ပြောရတာကတော့ သူတို့ ဘယ်လိုပြောနေပါစေ အရေးအပေါ် အခြေအနေကြေညာပြီး စစ်တပ်က အာဏာလွှဲယူမှုဟာ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အခြေခံဥပဒေနဲ့အညီ ကျမ်းသစ္စာ ကျိန်ဆိုနိုင်ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို ဖွဲ့စည်းခဲ့တယ်ဆိုတာလည်း သူက ပြောပါတယ်။

“ဒီလွှတ်တော်အမတ်တွေဟာ သူတို့ကို ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်သူတွေက ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားကို ထမ်းဆောင်ဖို့ ရဲရဲဝံ့ဝံ့ ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့် သူတို့အတွက် ပါဝင်ဆွေးနွေးဖို့ စင်္ကြံတခုပေးဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013