DVB Logo
Home
Lead Story
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ချက်သမ္မတ ပေးစာ
DVB
·
February 26, 2021
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ချက်သမ္မတ ပေးစာ
Donate to DVB

အဆွေတော်ခင်ဗျား

အဆွေတော် ယခု ရင်ဆိုင်ကြုံတွေ့နေရသော အလွန်ခက်ခဲသည့် အခြေအနေနှင့် ပတ်သက်၍ ကျွန်ုပ်အနေဖြင့် လေးနက်စွာ စိုးရိမ်ပူပန်မိပါသည်။ အဆွေတော်၏ ငြိမ်းချမ်းသော ဒီမိုကရေစီတိုက်ပွဲလမ်းစဉ်ကို ကျွန်ုပ်အနေဖြင့်  မမှိတ်မသုန် ထောက်ခံပါကြောင်း အခိုင်အမာ စိတ်ချစေလိုပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို ချက်သမ္မတနိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ ကျွန်ုပ်တို့အနေဖြင့် တရားဝင် ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်များကို ထောက်ခံပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲ၏ ရလဒ်ကို လေးစားလက်ခံရန် တောင်းဆိုပါသည်။

အဆွေတော် ခင်ဗျား

၂၀၁၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် အဆွေတော် ချက်သမ္မတနိုင်ငံကို အလည်အပတ် ရောက်ခဲ့စဉ်က ကျွန်ုပ်တို့ကြားရှိ ရင်းနှီးချစ်ကြည်သော ဆွေးနွေးမှုများကို ကျွန်ုပ်အနေဖြင့် အမှတ်ရဆဲဖြစ်ပါသည်။ အဆွေတော် အနေဖြင့် ကျွန်ုပ်အား ကိုယ်တိုင်အားသွန်ခွန်စိုက် နှစ်မြှုပ်ကြိုးပမ်းထားသော အလွန်ရှုပ်ထွေးသည့် အသွင်ကူးပြောင်းရေးလမ်းစဉ်နှင့် ထူးခြားသော အတွေ့အကြုံများကို မျှဝေခဲ့ပါသည်။ ချက်သမ္မတနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ထာဝရတည်တံ့သော ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ လူ့အခွင့်အရေး ကြိုးပမ်းမှု လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ ကောင်းကျိုးချမ်းသာခြင်းအတွက် တစိုက်မတ်မတ် ထောက်ခံနေလျှက်ရှိပါသည်။

ယခုအချိန်တွင် ချက်သမ္မတနိုင်ငံသူ၊နိုင်ငံသားများအနေဖြင့် မြန်မာပြည်သူများနှင့် ယခင်ကထက်ပိုမို ထူးခြားသော ဆက်နွှယ်မှု ရှိနေပြီဖြစ်ပါသည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အန္တရာယ်ကင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရန်အတွက် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ခုခံကာကွယ်သူများ၊ သတင်းထောက်များနှင့် အနုပညာရှင်များအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ကျွန်ုပ်တို့အနေဖြင့် တိုက်တွန်းပါသည်။

ဒီမိုကရေစီဦးတည်ရာ လမ်းကြောင်းအပေါ် မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိနိုင်ရန် ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ သံတမန်ရေးရာလမ်းစဉ်၊ ပြဋ္ဌာန်းချက်များအားလုံးကို အသုံးပြုသွားမည်ဖြစ်ပါသည်။

ချက်သမ္မတနိုင်ငံသည် အဆွေတော်နှင့် မြန်မာပြည်သူလူထုဘက်၌ ခိုင်မာစွာ ရပ်တည်ပါသည်။

ဖေဖော်ဝါရီ ၂၄ ရက်ပေးပို့သည့်စာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013