DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် ကလေးငယ် ၂ ဦး အပါအဝင် မြန်မာ ၁၆ ဦး ဖမ်းဆီးခံရ
DVB
·
February 25, 2021
ထိုင်းတောင်ပိုင်းတွင်  ကလေးငယ် ၂ ဦး အပါအဝင်  မြန်မာ ၁၆ ဦး  ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲမှာ ယမန်နေ့ညက မှန်လုံကားနဲ့ ခရီးထွက်လာတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ခရိုင်ကျော်ရွှေ့လျားသယ်ဆောင်မှုတွေ ရှိနေကြောင်း ကြိုတင် သတင်းရတဲ့အတွက် ခရိုင်လဝက ရဲတပ်ဖွဲ့ နဲ့ အုပ်ချုပ်ရေးရုံးဘက်က တာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီလ ၂၄ ရက် ည ၇ နာရီလောက်က  စူရတ်ဌာနီခရိုင် ထာ့ချန်းမြို့နယ် ခလောင်းဆိုင်းအုပ်စု အဝေးပြေးကားလမ်းဘေးရှိ ဓာတ်ဆီဆိုင်ထဲမှာ ဝင်နားနေတဲ့ မှန်လုံကား ၂ စီးကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါကား ၂ စီးပေါ်မှာ  ၅ လသားကလေးအရွယ်ပါ မိခင် ၁ ဦး ၊ ၁၂ နှစ်သား ကလေးငယ် ၁ ဦး ၊ နောက်ထပ် အမျိုးသား ၁၂ ဦး အမျိုးသမီး ၂ ဦးတို့ လိုက်ပါစီးနင်းခဲ့ပြီး အားလုံးမှာ မြန်မာအလုပ်သမားတွေဖြစ်ကာ သက်သေအထောက်အထားမပြည့်စုံဘူးလို့ ဆိုပါတယ်။

သူတို့ထဲမှာ ၈ ဦးက ပတ်စပို့ရှိပေမယ့် အိုဗာစတေး ( နေထိုင်ခွင့်ရက်လွန် ) နေကြပြီး ၇ ဦး ကတော့ ဘာအထောက် အထား မှမရှိလို့  ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှု ၊ ကိုဗစ်-၁၉ ဥပဒေအရ  ခရိုင်ကျော်ခရီးသွားလာခွင့်ကို ချိုးဖောက်မှုတွေနဲ့ အရေးယူခံရမယ်လို့ စူရတ်ဌာနီ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဒါ့အပြင် သူတို့တွေကို တင်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ၂ ဦးဟာလည်း တရားမဝင်အလုပ်သမားတွေကို ခိုလှုံခွင့်ပြုမှု ၊ တရားမဝင်သူတွေအဖမ်းမခံရအောင် ကူညီကာကွယ်ပေးမှုတွေနဲ့ အရေးယူခံရမယ်လို့ ဆိုပါတယ်။ 

ကားသမား ၂ ဦး ထွက်ဆိုချက်အရ သူတို့ဟာ အဆိုပါ မြန်မာနိုင်ငံသားတွေကို ဟတ်ယိုင် ၊ ကရပီ ၊ ဖူးကစ် ၊ ဖန်ငါး နဲ့ စူရတ်ဌာနီ စတဲ့နေရာအသီးသီးကနေ တင်ဆောင်ခဲ့ကြောင်း ၊ တချို့က  မလေးရှားက ပြန်လာကာ ဘန်ကောက် နဲ့ စမွတ်ဆာခွန်းမှာ အလုပ်လာလုပ်မယ့်သူတွေရှိသလို  တချို့က နေရပ်မြန်မာပြည်ပြန်မယ့်သူတွေလည်းပါတယ်လို့ ဆိုပါတယ်။ 

သူတို့နဲ့အတူ တရားမဝင်အလုပ်သမားတွေကို တင်ဆောင်လာတဲ့ နောက်ထပ်ကား ၁ စီးရှိသေးကြောင်း ၊ ဒါပေမဲ့ အဲဒီကားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့  တာဝန်ကျ ရဲဝန်ထမ်းက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013