DVB Logo
Home
နိုင်ငံတကာ
ကင်မရာမပါသည့် စမတ်မျက်မှန်သစ်နှင့် Charm Device ကို Meta ကြေညာ
DVB
·
September 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကင်မရာမပါတဲ့ စမတ်မျက်မှန် ‌ထုတ်လုပ်လိုက်ကြောင်း ဖေ့စ်ဘွတ်ခ်မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က  ကြေညာပါတယ်။

Meta က နေ့စဉ်သုံးဖို့အတွက် ကင်မရာမပါတဲ့ မျက်မှန်ကို VR console နဲ့ အသုံးပြုနိုင်မှာ ဖြစ်ကာ မြင်ကွင်းတွေကို တကယ့်အစစ်လို ခံစားရမဲ့ Virtual reality glasses ဖြစ်တယ်လို့ ဆိုပါတယ်။

လူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံတွေ ဗွီဒီယိုတွေ ရိုက်ကူးတဲ့ AI device တွေကို ဆန့်ကျင်မှုတွေ တိုးလာတာကြောင့် Meta က အသစ်ထုတ်တဲ့ မျက်မှန်မှာ ကင်မရာမပါဘဲ ထုတ်လုပ်ခဲ့တာပါ။ အသစ်ထုတ် ကင်မရာမပါတဲ့ မျက်မှန်ကို Ray Ban Meta Audio လို့ ခေါ်ပြီး အသံဖမ်းယူမှုတွေတော့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာပါတဲ့ အရင်မျက်မှန်တွေတုန်းက ရိုက်ကူးနေချိန် မီးလင်းနေပြီး အခုမျက်မှန်သစ်ကတော့ အသံဖမ်းနေချိန် ဘေးကလူတွေ သိသာစေတဲ့ အချက်ပြမီးလင်းတာမျိုး မပါတော့ဘူးလို့ ဖော်ပြပါတယ်။

ဝေဖန်သူတွေကတော့ မျက်မှန်မှာ ကင်မရာဖြုတ်လိုက်ရုံနဲ့ အများပြည်သူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို မထိခိုက်တာ မလုံလောက်ဘူးလို့ ပြောထားပါတယ်။

Meta Audio မျက်မှန်တွေကို Essilor Luxottica က ထုတ်လုပ်ပေးမှာ ဖြစ်ကာ အောက်တိုဘာ ၁၃ ရက်မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး ၃၄၉ ဒေါ်လာ တန်ဖိုးရှိပါတယ်။  ကင်မရာမပါဝင်တာကြောင့် မျက်မှန်တည်ဆောက်ပုံ ပိုပြီးသေးငယ်သွားသလို Battery life ကလည်း ၁၂ နာရီအထိ အားခံမှာဖြစ်ပါတယ်။

Meta ရဲ့ တတိယမျိုးဆက် Ray Ban မျက်မှန်တွေက ၉ နာရီ အားခံတာကြောင့် Battery life တိုးလာတာ တွေ့ရပါတယ်။  Meta ဟာ Luxottica နဲ့ ပူးပေါင်းမှာ အသုံးအဆောင်ပစ္စည်းတွေကို AI device အနေနဲ့ သုံးစွဲနိုင်မှုမှာ ထိပ်ဆုံးရောက်ရှိစေမှာ ဖြစ်ပါတယ်။

ဒါဟာ Ray Ban မျက်မှန်နဲ့ ပေါင်းပြီး ထုတ်လုပ်ခဲ့တဲ့ နောက်ဆုံးမျက်မှန်ထက် ဒေါ်လာ ၁၀၀ သက်သာမှာ ဖြစ်ပါတယ်။  Ray Ban နဲ့ ပူးပေါင်းထုတ်လုပ်တဲ့ မျက်မှန်တွေထဲမှာတော့ ကင်မရာတွေ ဆက်ပါဝင်နေမှာဖြစ်ပြီး Aviator နဲ့ Cat eyed Zena ဆိုတဲ့ ဒီဇိုင်း ၂ မျိုး ရရှိမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်ပြပွဲမှာ Meta CEO မတ်ဇူကာဘတ်က Muse AI အသုံးပြုနိုင်တဲ့ Meta Charm ဆိုတဲ့ သေးငယ်တဲ့ လက်ကိုင်အသုံးအဆောင် ပစ္စည်းလေးကိုလည်း ပြသခဲ့ပါတယ်။

Charm ကို လာမဲ့ဒီဇင်ဘာမှာ ထုတ်လုပ်သွားမှာဖြစ်ပြီး ဈေးနှုန်းဘယ်လောက်လဲ ဆိုတာကိုတော့ မကြေညာခဲ့ပါဘူး။

အဲဒီ device ဟာ Apple Airpods Case အရွယ်အစားလောက်ပဲရှိတာ တွေ့ရပါတယ်။ အနာဂတ်မှာ ဖုန်းမလိုဘဲ AI အသုံးပြုနိုင်တဲ့ နည်းလမ်းတွေ ကို Meta က စတင်ဖန်တီးနေတာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013