DVB Logo
Home
နိုင်ငံတကာ
ကလေးမျိုးဆက် ၁ ခုလုံးကို ဆွဲဆောင်ရန် ကြံရွယ်ခဲ့သည့်စွဲချက်ဖြင့် Meta ကုမ္ပဏီ တရားစွဲခံရ
DVB
·
August 19, 2026
Photo: REUTERS/Francis Mascarenhas
Photo: REUTERS/Francis Mascarenhas
Donate to DVB

Meta ဟာ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ် သုံးကာ ကလေးမျိုးဆက်တခုလုံးကို ဆွဲဆောင်ဖို့ ကြံရွယ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရပြီး ဒါဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းအတွက် အကြီးမားဆုံး တရားဝင်စိန်ခေါ်မှုတခုလည်း ဖြစ်ပါတယ်။

အမေရိကန် ပြည်နယ် ၂၉ ခုက ပါတီ ၂ ခုစလုံးပါဝင်တဲ့ တရားစွဲဆိုမှုဖြစ်ကာ ဘီလီယံနဲ့ချီတဲ့ လျော်ကြေးငွေ ပေးဆောင်ဖို့၊ Meta ရဲ့ စီးပွားရေးပုံစံ ပြောင်းလဲဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။​

ကယ်လီဖိုးနီးယား၊​ ကော်လိုရာဒို၊ ကန်တက်ကီနဲ့ နယူးဂျာစီပြည်နယ်တို့က ဦးဆောင်ပြီး Meta ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ရဲ့ လူငယ်တွေကို ဆွဲဆောင်တဲ့ ဒီဇိုင်းထုတ်ထားမှုကို တရားစွဲထားတာပါ။

ဒီလို ဒီဇိုင်းထုတ်ထားတာက ငယ်ရွယ်သူတွေ စိတ်ကျတာ၊ စိုးရိမ်တာ၊ သတ်သေတာမျိုးနဲ့ သုံးစွဲသူတွေကို မှားယွင်းတဲ့ ဦးဆောင်မှုတွေ ပေးနေတယ်လို့လည်း ဆိုပါတယ်။

Meta ဟာ ပြည်နယ် ၂၉ ခုလုံးက ဥပဒေကို ချိုးဖောက်တယ်လို့ ကြားနာမှာဖြစ်ပြီး မသင့်တော်တဲ့ ဒေတာစုစည်းမှု၊ အသုံးပြုတဲ့ ကလေးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုမှုတွေ ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။​

ဖေ့စ်ဘွတ်ခ်မှာ လုံခြုံရေးနဲ့ အင်ဂျင်နီယာအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သူ အာတူရိုဘီဂျာက ဩဂုတ် ၁၈ ရက်မှာ ကလေးတွေကို အန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရာတွေကို ကာကွယ်ပေးတဲ့  Meta ရဲ့ လုပ်ဆောင်ပုံကို ရှေ့ဆုံးကနေ ဝေဖန်သူ ဖြစ်လာပါတယ်။

ကယ်လီဖိုးနီးယားရှိ အော့ကလန်တရားရုံးတခုမှာ လာမဲ့ ၆ ပတ်အတွင်း အမေရိကန်နိုင်ငံတဝန်းမှာ ရှိတဲ့ တရားသူကြီးတွေနဲ့ ရှေ့နေတွက စစ်ဆေးမှုပြုလုပ်မှာပါ။

ကယ်လီဖိုးနီးယားရှိ ရှေ့နေတယောက်က Meta ဟာ အသက် ၁၁ နှစ်ကနေ ၁၂ အရွယ်ရှိ ကလေးတွေ သန်းနဲ့ချီပြီး အင်စတာဂရမ်မှာ တွေ့ရပြီး အဲဒီထဲက အနည်းငယ်ကိုပဲ ​အသုံးမပြုအောင် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Meta ကိုယ်စားလှယ်က တွေ့ရှိတဲ့အရေအတွက် ၁၀၀,၀၀၀ ကျော်သာရှိပြီး သူတို့ကလည်း ဆိုရှယ်မီဒီယာကို စွဲလမ်းမှုမရှိဘူးလို့ ပြောပါတယ်။

ပြည်နယ်ရှေ့နေက Meta ဟာ သူ့ရဲ့ ပလက်ဖောင်းက ဆယ်ကျော်သက်တွေကို စိတ်ကျန်းမာရေး ထိခိုက်စေတာကို သိရှိတယ်လို့ စွပ်စွဲထားပြီး Meta ကလည်း ဆိုရှယ်မီဒီယာကြောင့် ဆယ်ကျော်သက်တွေ အတွေ့အကြုံကောင်းတွေ ရတာကို မျက်ကွယ်ပြုထားတယ်လို့ တုံ့ပြန်ထားပါတယ်။​

စွပ်စွဲချက် မှန်ကန်ပါက Meta ကို တရားရုံးက ဒဏ်ငွေနဲ့ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်များ ပြောင်းလဲအောင် အမိန့်ချနိုင်မှာပါ။

Meta ဟာ ပြစ်ဒဏ် ၁ ဒသမ ၄ ထရီလီယံအထိ ချမှတ်ခံရဖွယ် ရှိတယ်လို့လည်း ခန့်မှန်းကြပါတယ်။​

ဇူကာဘတ်နဲ့ အင်စတာဂရမ်က အဒမ်မော့ဆက်ရီတို့ တရားရုံးမှာ ထွက်ဆိုဖွယ်ရှိပြီး တရားစွဲမှုကာလ ၆ ပတ်အထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013