DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် လူမှုရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အမှုဖွင့်ခံထားရ
DVB
·
February 25, 2021
ဧရာဝတီတိုင်းတွင် လူမှုရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အမှုဖွင့်ခံထားရ
Donate to DVB

ဧရာဝတီတိုင်းမှာ ဝန်ကြီးတွေကို အကျယ်ချုပ်ထားရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀ ယောက်ကျော် အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်တပ်က ဖမ်းဆီးခဲ့သလို တိုင်းနဲ့ ပြည်နယ်အလိုက် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေပါ ဖမ်းဆီးခဲ့တာပါ။

ဧရာဝတီတိုင်းက ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ဖမ်းဆီးပြီး တပ်ထဲကိုခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီး ဝန်ကြီး များအိမ်ရာထဲမှာ အကျယ်ချုပ်ထားရှိခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက DVB ကို ​ပြောပါတယ်။

"စဖမ်းတုန်းက ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရဘူး၊ ၄ ရက်လောက်ကြာတော့ ဝန်ကြီးအိမ်ရာထဲပြန်ပို့တယ်၊ ဒါပေမယ့် ဝန်ကြီးချုပ်နဲ့ လူမှုရေးဝန်ကြီးကိုတော့ နောက်တစ်ခါပြန်ဖမ်းသွားတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရဘူး၊ ကျန်တဲ့ ဝန်ကြီးတွေလည်း အကျယ်ချုပ်ဆိုပေမယ့် ဆက်သွယ်လို့ မရဘူး''လို့ ပြောပါတယ်။

နောက်တစ်ကြိမ်ထပ်မံဖမ်းဆီးခံလိုက်ရတဲ့ ဝန်ကြီးချုပ် ဦးလှမိုး အောင်နဲ့ လူမှုရေးဝန်ကြီးဒေါက်တာ လှမြတ်သွေးတို့ကို ဘယ်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပေမယ့် လူမှုရေး ဝန်ကြီးကတော့ ရဲစခန်းမှာ အမှုဖွင့်ခံထားရပြီး ကျန်တဲ့ ဝန်ကြီး ၅ ဦးကိုတော့ အကျယ်ချုပ်ခံထားရတယ်လို့ ဆိုပါတယ်။

ဝန်ကြီးများအိမ်ရာမှာ အကျယ်ချုပ်ထိန်းသိမ်းခံထားရတဲ့ ဝန်ကြီးတွေကတော့ စက်မှုလက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကရင်တိုင်ရင်းသားရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူးရေး သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးတို့ဖြစ်တယ်လို့ သိရပါတယ်။

လူမှုဝန်ကြီး ဒေါက်တာ လှမြတ်သွေးကို သဘာဝဘေးဆိုင်ရာ ပုဒ်မ နဲ့ အမှုဖွင့်ထားသလို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၀ ယောက်ကျော်ကိုလည်း အဲ့ဒီဥပဒေနဲ့ပဲ သက်ဆိုင်ရာမြို့နယ်အလိုက် ရဲစခန်းတွေမှာ အမှုဖွင့်ခံထားရလို့ တိမ်းရှောင်နေရတယ်လို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

စစ်တပ်ရဲ ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လည်းလွတ်မြောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကိုယ်စားလှယ် ၁၀ ဦးကျော်ကို သဘာဝဘေးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ခံထားရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြတာတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ပြုလုပ်လာ ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူ ၁၅ ဦးကျော်နဲ့ အမှုဖွင့်ခံထားရသူ ၃၀ ကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။

မင်းထက်မုန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013