DVB Logo
Home
မြန်မာသတင်း
၁၉၆၂ စစ်အာဏာသိမ်းကာလအခြေခံ “အမှောင်ထဲမှမင်းသားများ,၁၉၇၀” စာအုပ် အွန်လိုင်းမှ ဖတ်ရှုနိုင်
DVB
·
February 25, 2021
၁၉၆၂ စစ်အာဏာသိမ်းကာလအခြေခံ “အမှောင်ထဲမှမင်းသားများ,၁၉၇၀” စာအုပ် အွန်လိုင်းမှ ဖတ်ရှုနိုင်
Donate to DVB

တခေတ်တခါက ထင်ရှားခဲ့တဲ့ ရန်ကုန်မြို့က လူမိုက်တွေအကြောင်း ပုံဖော်ရေးသားထားတဲ့ The Guys of Rangoon စာအုပ်နဲ့ လူသိများတဲ့ စာရေးဆရာ ခက်ဇော်ရဲ့ အခန်းဆက်ဝတ္ထုသစ်- အမှောင်ထဲမှ မင်းသားများ,၁၉၇၀ ကို အွန်လိုင်းကတဆင့် အပိုင်းလိုက် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

သရော်စာတွေ ရေးသားရာကနေ နာမည်ကြီးလာတဲ့ ဗြိတိသျှ ကိုကိုမောင်ခေါ် စာရေးဆရာ ခက်ဇော်ဟာ အရင်စာအုပ်တွေတုန်းကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာ နက် လူမှုကွန်ရက်ပေါ် အပိုင်းလိုက်တင်ခဲ့ပြီး မျှဝေခဲ့ရာကနေ ပရိသတ်တွေကြား ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

ခုတခါ အသစ်ထွက် အမှောင်ထဲမှ မင်းသားများ,၁၉၇၀ စာအုပ်နဲ့ ပတ်သက်ပြီး တော့ စာရေးဆရာခက်ဇော်က ခုလိုရေးသားဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

“လမ်းပေါ်ထွက် ဆန္ဒပြရ… သံပုံးတီးရ… CDM လုပ်ရနဲ့ ကျနော်တို့ ပင်ပန်းလွန်း ပါပြီ… ဒီအဖြစ်အပျက်ကြီးမတိုင်ခင်ကတော့ ကျနော်ဟာလည်း "အမှောင်ထဲမှ မင်းသား များ ၁၉၇၀" ဆိုတဲ့ ဝတ္ထုရှည်တပုဒ်ကို ရေးနေခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီဝတ္ထုဟာ ၁၉၆၂ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီး မြန်မာပြည်အမှောင်ကျခဲ့တဲ့ ကာလကို အခြေခံထားတာပါ”

“Princes of The Dark 1970 - အမှောင်ထဲမှမင်းသားများ,၁၉၇၀” အမည်ပေး ထားတဲ့ ဒီဝတ္ထုဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်အစိုးရလက်ထက် စစ်အစိုးရဟာ ပြည် သူအပေါ် မထီမဲ့မြင်ပြုပြီး ဘယ်လိုထင်ရာစိုင်းခဲ့တယ်။ အာဏာရှင်လက်အောက် ဆင်းရဲ ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေဘဝ။ ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်ရဲ့ လှည့်ကွက် တွေ… လက်ကိုင်တုတ်တွေအကြောင်း ရေးထားတာဖြစ်ပြီး စာဖတ်သူ ပရိသတ်တွေ အ နေနဲ့ ခဏတာ စိတ်ထွက်ပေါက်အဖြစ် ဖျော်ဖြေပေးဖို့ရာနဲ့ ဒီထဲမှာပါတဲ့ အာဏာရှင်စနစ် အခင်းအကျင်း သမိုင်းတွေကို ဗဟုသုတအဖြစ်သိရှိနိုင်ဖို့ အခန်းဆက်အနေနဲ့ တင်ဆက် ပေးလိုက်တာလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013