DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးတွင် ကြွေလွင့်ခဲ့ရသူ ၃ ဦးအတွက် နာရေးကူညီမှုအသင်းက ငွေကျပ် ၅ သိန်းစီ လှူဒါန်း
DVB
·
February 25, 2021
နွေဦးတော်လှန်ရေးတွင် ကြွေလွင့်ခဲ့ရသူ ၃ ဦးအတွက် နာရေးကူညီမှုအသင်းက ငွေကျပ် ၅ သိန်းစီ လှူဒါန်း
Donate to DVB

လတ်တလော မြန်မာနိုင်ငံအနှံ့အပြား နွေဦးတော်လှန်ရေးမှာ အသက်ပေးတိုက်ပွဲ ဝင် ကြွေလွင့်ခဲ့ရသူတွေဖြစ်ကြတဲ့ မန္တလေးမြို့က ကိုသက်နိုင်ဝင်း၊ မောင်ဝေယံထွန်းနဲ့ ရန်ကုန်မြို့က ကိုတင်ထွဋ်ဟိန်းတို့အတွက် ရည်စူးအလှူအဖြစ် နာရေးကူညီမှုအသင်းက ငွေကျပ် ၅ သိန်းစီ လှူဒါန်းခဲ့ပါတယ်။

မန္တလေးမြို့မှ အသက် ၃၇ နှစ်အရွယ် ကိုသက်နိုင်ဝင်း(ခ)ကိုမင်းမင်းနဲ့ အသက် ၁၆ နှစ်အရွယ် မောင်ဝေယံထွန်း(ခ)မောင်ကုလားတို့ဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်း ဖက်နှိမ်နင်းခဲ့မှုကြောင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီး  သူတို့အ တွက် အလှူငွေကျပ် ၅ သိန်းစီကို  မန္တလေးမြို့ သာသနာ့ပါလ နာရေးကူညီမှုအသင်းနဲ့ ချိတ်ဆက်ကာ ကျန်ရစ်သူမိသားစုတွေကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက်လုံခြုံရေးကင်းစောင့်ရင်း ရဲတပ်ဖွဲ့ က သေနတ်နဲ့ပစ်လို့ နေရာတင် သေဆုံးခဲ့သူ အသက် ၃၀ အရွယ် ကိုတင်ထွဋ်ဟိန်းအ တွက် အလှူငွေကိုတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတွင်းရေးမှူး သရုပ်ဆောင် ထွန်းကိုကိုနဲ့ အသင်းသားတွေက ကျန်ရစ်သူမိသားစုဆီ ပေးအပ်လှူဒါန်းခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေးလော ကသားတွေကစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာန ပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားနေကြ တာ ဖြစ်ပါတယ်။

အဲဒီနောက် နိုင်ငံနဲ့ အဝှမ်းပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့နဲ့ စစ် တပ်က အကြမ်းဖက်ဖြိုခွင်းတာတွေကြောင့် ထိခိုက်သေဆုံးမှုတွေလည်း ရှိနေသလို ဖမ်း ဆီးထိန်းသိမ်းမှုတွေလည်း ရှိနေပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်သပြေကုန်းအဝိုင်းအနီးမှာ စစ်အာဏာ သိမ်းတာကို ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ် မြသွဲ့သွဲ့ခိုင်ဟာ ဦးခေါင်း ကျည်ထိမှန် ကျဆုံး သွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013