DVB Logo
Home
မြန်မာသတင်း
CRPH က ရပ်​/ကျေးအဆင့် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့​များ ဖွဲ့စည်းချိန် အာဏာသိမ်း စစ်​ကောင်စီက အုပ်ချုပ်​ရေးမှူးအသစ်​များ ခန့်အပ်
DVB
·
February 24, 2021
CRPH က ရပ်​/ကျေးအဆင့် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့​များ ဖွဲ့စည်းချိန် အာဏာသိမ်း စစ်​ကောင်စီက အုပ်ချုပ်​ရေးမှူးအသစ်​များ ခန့်အပ်
Donate to DVB

ပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ CRPH က ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့​တွေ ရပ်​ကျေးအလိုက် ဖွဲ့​နေချိန် စစ်အာဏာသိမ်းကောင်စီက အာဏာကိုအသုံးချပြီး  တိုက်ရိုက်ခန့်တဲ့ ရပ်​/ကျေးအဆင့် အုပ်ချုပ်​ရေးမှူး​တွေ ရှိလာတာ​ကြောင့် ပြည်သူ​တွေကြား ဆန့်ကျင်ကန့်ကွက်တာ ​တွေလည်း ရှိလာပါတယ်။ 

ဒီအ​ခြေအ​နေထိမ​ရောက်ခင် အရင်ရက်ပိုင်း​တွေမှာ​တော့ ရပ်ကွက်အုပ်ချုပ်​ရေးမှူးတချို့ နုတ်ထွက်စာတင်တဲ့ဖြစ်ရပ်​တွေ  ရန်ကုန်အပြင် နယ်မြို့တချို့မှာဖြစ်လာပါတယ်။ 

ဒီက​နေ့မှာဆိုရင် စစ်အာဏာသိမ်းကောင်စီက အာဏာကိုအသုံးချပြီး တိုက်ရိုက်ခန့်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင်အုပ်စုအုပ်စု အုပ်ချုပ်ရေးမှူးကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျေးရွာသူ/သားပေါင်း ၁၀၀၀ လောက်က ကျေးရွာလမ်းမကြီးအတိုင်း ​ကြွေး​ကြော်သံ​တွေနဲ့ ချီတက် ဆန္ဒပြခဲ့ကြတာ​ တွေ့ရပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာလည်း အာဏာသိမ်းစစ်​ကောင်စီက ရပ်​/ကျေး အုပ်ချုပ်​ရေးမှူး ​တချို့ကို တိုက်ရိုက်ခန့်လာတာ​ကြောင့် ပြည်သူ​တွေက ကန့်ကွက်ဆန္ဒပြတာ​တွေ ရှိ​နေပါတယ်။

လတ်​တ​လောမှာ​တော့ ရန်ကုန်တိုင်း​ဒေသကြီး လွှတ်​တော်​ကိုယ်စားပြုကော်မတီကို (CPRH) ကို ဖွဲ့စည်းထားပြီး  မြို့နယ်အဆင့် ရပ်​ကျေးအဆင့် ပြည်သူ့အုပ်​ရေးအဖွဲ့​တွေ ဖွဲ့စည်း​နေ​ကြောင်း ​​ရွေး​ကောက်ခံ ရန်ကုန်လွှတ်​တော်ကိုယ်စားလှယ်​တွေက ​ပြောပါတယ်။

ပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ CRPHက ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့​​တွေကို ဖွဲ့ရာမှာ တိုင်း​ဒေသကြီးနဲ့ ပြည်နယ် လွှတ်​တော်ကိုယ်စားပြု​ကော်မတီ​တွေ အရင်ဖွဲ့စည်းပြီး​နောက် ရပ်/​ကျေးအဆင့် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့​တွေကို လက်ရှိမှာဆက်ဖွဲ့စည်း​နေပါတယ်။

ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့မှာ​တော့ လွှတ်​တော်ကိုယ်စားလှယ်​တွေ၊ ရပ်မိရပ်ဖ​တွေ၊ CDM မှာပါတဲ့ ဝန်ထမ်း​တွေပါမှာဖြစ်ပြီး အကြမ်းမဖက်ဘဲ စု​ပေါင်းဦး​ဆောင်မှုနဲ့ ဆုံးဖြတ်​ ဆောင်ရွက်သွားမှာ ဖြစ်​ကြောင်း CRPH ​ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013