Home
မြန်မာသတင်း
ပုသိမ်တွင် စစ်အာဏာရှင်ကျဆုံးရေးအတွက် ပြည်သူများက ကျိန်စာတိုက်
DVB
·
February 23, 2021
152965212_1056453188172357_6477311240065980502_o
152830001_1056453408172335_2122776958577763236_o
152271650_1056453448172331_3834525258236429978_o
151779894_1056452948172381_6047512269012081286_o
151700129_1056453051505704_447828957571951858_o
151628697_1056453308172345_5399573710236499433_o

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ရေကြည်ဦးဘုရား လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ပြည်သူတွေက  စစ်အစိုးရနဲ့ စစ်အာဏာရှင်ကျဆုံးပါစေဆိုပြီး ဖေဖော်ဝါရီလ ၂၃ ရက် ဒီနေ့ မနက်ပိုင်းက ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ မနက် ၈ နာရီလောက်က စတင်လူစုပြီး မြို့တွင်းလမ်းမှာ ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ပြီး ရေကြည်ဦးဘုရားကို သွားရောက်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေကို ကျိန်စာတိုက်ခဲ့ကြတာဖြစ်ပါတယ်။

ရေကြည်ဦးဘုရားကို ဒေသခံအာဏာပိုင်တွေက ပိတ်ထားခဲ့လို့ ဘုရားရဲ့ ဝင်လမ်း တံခါးရှေ့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြလို့ သေဆုံးခဲ့သူတွေအတွက်  ၂၁ စက္ကန့်ငြိမ်သက် ဆုတောင်းပေးခဲ့ပါတယ်။

စစ်အာဏာရှင်တွေကို ကျိန်စာတိုက်တဲ့အထဲမှာတော့ တိုင်းသူ ပြည်သားတွေ ပူဆွေးသောက ရောက်နေရသလို စစ်အာဏာရှင်အစိုးရသည်လည်း အမြန်ဆုံးအပူသောက မီးတွေ ကျရောက်ပါစေ၊ နှလုံးကွဲကြေပါစေ၊ မိသားစုပြိုကွဲပါစေ၊ စစ်အာဏာရှင် တစ်ဖွဲ့လုံး ကျဆုံးပါစေ ဆိုပြီး ကျိန်စာတိုက်ခဲ့ကြတာဖြစ်ပါတယ်။

ပုသိမ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ပြုလုပ်လာခဲ့တာ ၁၇ ရက်မြောက်ရှိလာပြီဖြစ်ပြီး ဖမ်းဆီးခံရသူ ၆ ဦးထိရှိလာပြီလည်း ဖြစ်ပါတယ်။

မင်းထက်မုန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024