DVB Logo
Home
မြန်မာသတင်း
ထိုင်းဝန်ကြီးချုပ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး
DVB
·
February 23, 2021
ထိုင်းဝန်ကြီးချုပ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး
Donate to DVB

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာဟာ ပြည်သူလူထုယုံကြည်မှုကို မြှင့်တင်ဖို့ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါကာကွယ်ဆေးဟာ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေ ထိုးဖို့မသင့်လျော်ဘူးလို့ သူက ကနဦးတုန်းက ကြေညာခဲ့တာပါ။

တချိန်တည်းမှာပဲ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချန်ဗီရာကူလ်က တော့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ထိလွယ်ရှလွယ် အခြေအနေတခုဖြစ်ပြီး အများပြည် သူကိုလည်း ရှင်းပြဖို့ လိုအပ်ကြောင်း၊ ကာကွယ်ဆေးစီမံမှုအဖွဲ့အနေနဲ့လည်း ဒါနဲ့ပတ်သက်ပြီး ဖိအားတွေ အများကြီး ရှိနေတယ်လို့ ပြောပါတယ်။

“ကျနော့်အနေနဲ့ ဖုံးကွယ်ထားတာ တခုမှ မရှိပါဘူး။ ဒါပေမဲ့ ကျနော့်ရဲ့ ဆုံးဖြတ် ချက်တွေကို ရှင်းပြနိုင်ဖို့ မှန်ကန်တဲ့ အချိန်ကို ရှာဖွေဖို့တော့ လိုအပ်ပါတယ်။ တကယ်လို့ များ ကာကွယ်ဆေးတွေ တင်ဆောင်လာတဲ့ လေယာဉ်ပျက်ကျတာမျိုးလို ကြိုတင်တွက်ဆမရတာမျိုး ဖြစ်လာမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။ ကာကွယ်ဆေးရောက်မလာခဲ့ရင် ဒါက အစိုးရရဲ့ အမှားမဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ဘက်က တာဝန်အပြည့်အဝပြီးစီးသွားပြီမို့လို့ပါပဲ”

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အတွင်းရေးမှူးချုပ် ဒေါက်တာ ဖိုင်ဆန်ဒန်ခွန်ကတော့ Sinovac ကိုဗစ်ကာကွယ်ဆေးထိုးဖို့ မှတ်ပုံတင်တဲ့ အခြေအနေ ဟာ ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ကာ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ပထမအကြိမ် ကာကွယ် ဆေး ၂ သိန်းအတွက် အသင့်ဖြစ်နေပြီဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၅,၅၀၄ ယောက်နဲ့ သေဆုံးသူ ၈၃ ယောက် ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013