DVB Logo
Home
မြန်မာသတင်း
ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ် CRPH ကြေညာ
DVB
·
February 22, 2021
ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ် CRPH ကြေညာ
Donate to DVB

တရားမဝင်အာဏာသိမ်းစစ်ကောင်စီဟာ  နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့  လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့တဲ့အတွက်   ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) က ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။

နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အကာအကွယ်ပေးနိုင်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းလာတဲ့ အချိန်အထိ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ပူးပေါင်းပြီး  မိမိတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုး ရေးကို စုပေါင်းအားဖြင့် ကာကွယ်နိုင်ဖို့  ခုလိုဆောင်ရွက်တာလို့  ဆိုပါတယ်။ 

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ  ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကို တာဝန်ခံရမှာ ဖြစ်ပြီး မြို့နယ်၊ ရပ်ကွက်ကျေးရွာအဆင့်တွေကနေ စတင်ဖွဲ့စည်းရမှာ  ဖြစ်ပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ CDM ဝန်ထမ်းတွေ၊ လူငယ်တွေ၊ ရပ်မိရပ်ဖတွေနဲ့ တခြားပါသင့်ပါထိုက်သူတွေပါဝင်အပါအဝင်  အနည်းဆုံး ၁၁ ဦးနဲ့ ဖွဲ့စည်းရမှာလည်း ဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို အဓမ္မနည်းနဲ့ သိမ်းယူထားတဲ့ စစ်အုပ်စု အုပ်ချုပ်နေတဲ့ အချိန်ကာလအတွက်သာ ဖြစ်တယ်လို့ CRPH ကော်မတီက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013