ဝိုင်းမော်မြို့တွင် ပြည်သူလူထု သံပုံးတီးနေစဉ် သေနတ်ပစ်ဖောက်ခြိမ်းခြောက်
DVB
·
February 22, 2021

1 / 5
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဖေဖော်ဝါရီ ၂၁ ရက်ည ၈ နာရီကျော်လောက်က မြို့ခံပြည်သူတွေက သံပုံးတီးပြီး စစ်အစိုးရကို ဆန္ဒထုတ်ဖော်နေစဉ် သေနတ်နဲ့ လေးငါးချက် ပစ်ဖောက်ခြိမ်းခြောက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့နယ်လျှပ်စစ်ရုံးထောင့် လူနေအိမ်ခြံ အုတ်တံတိုင်းကို ပစ်ဖောက်ခဲ့တာဖြစ်ပြီး မီးတိုင်မရှိ အမှောင်ကျနေသောကြောင့် ဘယ်သူ ပစ်ခတ်သွားလဲဆိုတာတော့ မတွေ့လိုက်ရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ဝိုင်းမော်မြို့မှာ ည ၈ နာရီအပြင်မထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်။
ဇုန်းကျန်း CJ










