DVB Logo
Home
မြန်မာသတင်း
မန္တလေးနှစ်ချုပ်စာအုပ်ရောင်းရငွေ CDM အတွက် လှူမည်
DVB
·
February 21, 2021
မန္တလေးနှစ်ချုပ်စာအုပ်ရောင်းရငွေ CDM အတွက် လှူမည်
Donate to DVB

မြန်မာ့စာပေသမိုင်းမှာ ပထမဆုံးထွက်ရှိတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ Mandalay Almanac၊ မန္တလေး နှစ်ချုပ်မဂ္ဂဇင်းစာအုပ်ကို ဖေ‌ဖော်ဝါရီ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ရောင်းချမှာ ဖြစ်ပြီး စာအုပ်ရောင်းရငွေအားလုံးကို ရတနာပုံတက္ကသိုလ်ကနေ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူ ဝန်ထမ်းတွေအတွက် လှူဒါန်းသွားမယ်လို့ စာတည်းမှူးချုပ်က ပြောပါတယ်။

“လက်ရှိမြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ဒီ CDM လှုပ်ရှားမှု ဝန်ထမ်းတွေအတွက် ကျနော်တို့ရဲ့ Mandalay Almanac မန္တလေးနှစ်ချုပ် အမည်ရှိ စာအုပ် ရောင်းချရတဲ့ငွေ အားလုံးကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်” လို့ စာတည်းမှူးချုပ် ဆရာနောင်ရူပက ပြောပါတယ်။

မန္တလေးမြို့အတွင်းက လူထုခန်းမတစ်ခုမှာ မနက် ၈ နာရီကနေ ညနေ ၅ နာရီတိုင်အောင် တစ်အုပ်ကို ၃၀၀၀ ကျပ်နှုန်းနဲ့ စာအုပ်တွေ ရောင်းချပေးမှာ ဖြစ်ပြီး စာအုပ်ရောင်းရငွေတွေကို လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီစာအုပ်မှာ မန္တလေးမြို့ရဲ့ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ၊ ပညာရှင်တွေရဲ့ ဆောင်းပါး အပုဒ် ၄၀ ကျော်နဲ့ သတင်းတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီစာအုပ်ကိုတော့ စစ်အာဏာမသိမ်းခင် NLD အစိုးရလက်ထက်ကတည်းက ထုတ်ဝေဖို့ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013