
ကွင်းထဲကနေ ထွက်ခွာခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဆီနီဂေါအသင်းကို AFCON ချန်ပီယံအဖြစ်မှ ပယ်ဖျက်ပြီး မော်ရိုကိုအသင်းကို ၂၀၂၅ အာဖရိကဖလား (AFCON) ချန်ပီယံအဖြစ် CAF က ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
ဗိုလ်လုပွဲမှာ ဆီနီဂေါက (၁-၀) ဂိုးနဲ့ နိုင်ခဲ့ပေမဲ့ ပွဲကစားနေတုန်း ဒိုင်လူကြီးခွင့်ပြုချက်မရှိဘဲ ကွင်းပြင်ထွက်သွားတာဟာ စည်းမျဉ်းချိုးဖောက်မှုဖြစ်လို့ အခုလို ရလဒ်ကို အရှုံးပေးလိုက်ရတာပါ။
မော်ရိုကိုအသင်းရဲ့ အယူခံ အောင်မြင်ခဲ့တာကြောင့် သူတို့ဟာ (၃-၀) ဂိုးနဲ့နိုင်တယ်လို့ သတ်မှတ်ခံရပြီး ဖလားရရှိသွားတာ ဖြစ်ပါတယ်။
ဆီနီဂေါနည်းပြကတော့ အဲဒီအချိန်က စိတ်လှုပ်ရှားမှုကြောင့် အခုလိုလုပ်မိတာလို့ ဝန်ခံထားပြီး FIFA ဥက္ကဋ္ဌကလည်း ဒီဖြစ်ရပ်ဟာ ရုပ်ဆိုးလွန်းတယ်လို့ ဝေဖန်ထားပါတယ်။










