
ပုသိမ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲ ၁၅ ရက်မြောက်နေ့အဖြစ် ပြည်သူတွေ၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေ ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ပုသိမ်မြို့ဆန္ဒဖော်ထုတ်ပွဲအား ကုန်သည်လမ်းထောင့်မှာ စုဝေးပြီး ပုသိမ်မြို့ထဲကို အင်အား တစ်သိန်းဝန်ကျင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
“ကျနော်တို့က လူငယ်တွေပါ။ ကျနော်တို့မှာ အနာဂတ်ရှိတယ်။ ဒီမိုကရေစီရရှိရေး၊ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်းပြန်လွှတ်ပေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လွှတ်ပေးရေး ဆန္ဒဖော်ထုတ်ပွဲကို သပိတ်စစ်ကြောင်းတွေပေါင်းပြီး ပုသိမ်မြို့တွင်း လှည့်လည်ခဲ့တာ ဖြစ်ပါတယ်။
ပုသိမ်မြို့မှာ ဆန္ဒဖော်ထုတ်ပွဲ ဝင်ပါဝင်သူတွေ ဖမ်းဆီးခံထားရတာတွေ ရှိတယ်လို့ သိရှိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်နေပြီး၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်။










