DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် စစ်တပ်နှင့်ရဲက ပစ်ခတ်၍ အနည်းဆုံး လူ ၂ ဦးသေဆုံး
DVB
·
February 20, 2021
မန္တလေးတွင် စစ်တပ်နှင့်ရဲက ပစ်ခတ်၍ အနည်းဆုံး လူ ၂ ဦးသေဆုံး
Donate to DVB

မန္တလေးမြို့ ကမ်းနားလမ်းမှာ ဒီနေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ၂ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။

မြတ်ပါရမီ လူမှုကူညီရေးအသင်းတာဝန်ရှိသူတယောက်ကတော့ ၂ ယောက် သေဆုံးတယ်လို့ ဆိုပြီး သေဆုံးသူအရေအတွက်အားလုံးကို အတည်ပြုလို့ မရသေးပါဘူး။

နေ့လယ် ၂ နာရီလောက်က စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး သေနတ်နဲ့ အချက်ရေ သုံးလေးရာလောက် ပစ်ခတ်ခဲ့တာပါ။

ပစ်ခတ်တဲ့နေရာမှာ လေးခွ၊ ရာဘာကျည်တွေအပြင် ကျည်အစစ်တွေနဲ့ ပစ်ခတ်တယ်ဆိုတဲ့ ကျည်ခွံသက်သေတွေကို ပြည်သူတွေက ရရှိထားပါတယ်။ မန္တလေး မဟာအောင်မြေမြို့နယ် ကမ်းနားလမ်းက ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ - မန္တလေး) ရဲ့ CDM ဝန်ထမ်းတွေကို ကုန်တင်သင်္ဘောထွက်ခိုင်းရာမှာ မထွက်တဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းပြီး လူတချို့ ဖမ်းဆီးခံထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013