
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက စစ်အာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တဲ့ တက္ကသိုလ် ကျောင်းသား ၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ တက္ကသိုလ်ကျောင်းသားဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ကို လူတစ်စု လူတစ်ယောက် လက်အောက်ကနေ ရုန်းထွက်ခဲ့ဖို့ ဟောပြောခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့စဥ် ဟောပြောခဲ့လို ရဲတပ်ဖွဲ့က ကင်မရာနဲ့မှတ်တမ်းပုံ ရိုက်ယူခဲ့ပြီးနောက် ညနေပိုင်းမှာ အရပ်ဝတ်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အရပ်ဝတ်နဲ့ ဝင်ရောက်ဖမ်းဆီးတာခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဟာ ဥပဒေမေဂျာက နောက်ဆုံးနှစ်ကျောင်းသား မောင်အောင်သက်ပိုင်ဖြစ်ပြီး သူငယ်တွေနဲ့ စျေးဝယ်ထွက်ချိန်မှာ ဆိုင်ကယ်တွန်းလှဲခံရပြီး လူ ၆ ယောက်လောက် ဝိုင်းဆွဲတာခံခဲ့ရတာလို့ မျက်မြင်တွေတဲ့လူတွေက DVB ကိုပြောပါတယ်။
ပုသိမ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ နိုင်ငံရေးသမား ၆ ဦးထိ ရှိလာပြီဖြစ်ပြီး မိဘဆွေမျိုးတွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့ မြို့ခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
မင်းထက်မုန်း










