DVB Logo
Home
မြန်မာသတင်း
ပူတာအိုခရိုင် ရဲတပ်ဖွဲ့ဝင်တဦး CDM လှုပ်ရှားမှုတွင် ပထမဆုံး ပူးပေါင်းပါဝင်လာ
DVB
·
February 19, 2021
ပူတာအိုခရိုင် ရဲတပ်ဖွဲ့ဝင်တဦး CDM လှုပ်ရှားမှုတွင် ပထမဆုံး ပူးပေါင်းပါဝင်လာ
1 / 8
Donate to DVB

ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ ပထမဦးဆုံးအနေနဲ့ ရဲတပ်ဖွဲ့ဝင်တဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

CDM မှာပါလာတဲ့ ပြည်သူ့ရဲက "နိုင်ငံသားတစ်ယောက်ရဲ့ တာ၀န်ဖြစ်တာကြောင့် ခုလို ပါ၀င်ခြင်းဖြစ်တယ်" လို့ DVB ကို ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက ပူတာအိုမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လက်ကျင်းပနေပြီး  စစ်အာဏာရှင်နောက်လိုက်တွေက ဖိနှိပ်ပေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုဒေသဟာ နယ်မြေကျဉ်းမြောင်းတဲ့ဒေသတစ်ခုဖြစ်ပြီး သတင်းမီဒီယာပိုင်းလည်း အား‌မကောင်းတဲ့ ဒေသတစ်ခုဖြစ်လို့ စစ်အာဏာရှင်နောက်လိုက်တွေက အမျိုးမျိုးဖိအားပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

CDM ပြည်သူ့၀န်ထမ်းတစ်ဦးက ‌"ပူတာအို စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်တဲ့နေ့တိုင်းလို ရဲတွေကလာတယ်။ ရဲတွေ ၁၀ ယောက်‌ လာရင် ၆ ယောက်လောက်က အရပ်၀တ်နဲ့ ဆန္ဒပြသူတွေရဲ့နောက်က တစ်ကောက်ကောက်လိုက်ပြီး ပုံတွေရိုက်တယ်။ ပြီးတော့ ခေါင်းဆောင်တွေဆိုပြီး မတရားပုဒ်မ တပ်ပြီး ဖမ်းဖို့ကြိုးစားနေကြတယ်။ ဒီနေ့ဆိုရင်လည်း ကျောင်းဆရာမတစ်ဦးကို ဖမ်းဖို့ လုပ်နေကြပြီ" လို့ ပြောပါတယ်။

ပူတာအိုမှာ ဆန္ဒပြသူအရေတွက်ဟာ စစ်အာဏာရှင်နောက်လိုက်တွေရဲ့ ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုတွေကြောင့် ဆန္ဒပြသူအင်အား နည်းလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013