DVB Logo
Home
မြန်မာသတင်း
မြိတ်နှင့်ဘုတ်ပြင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ၊ ဆရာဆရာမများ ဖိအားပေးခံရသဖြင့် အရပ်ဝတ်ဖြင့် ပါဝင်
DVB
·
February 19, 2021
မြိတ်နှင့်ဘုတ်ပြင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ၊ ဆရာဆရာမများ ဖိအားပေးခံရသဖြင့် အရပ်ဝတ်ဖြင့် ပါဝင်
1 / 7
Donate to DVB

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို တနင်္သာရီတိုင်း မြိတ်မြို့နဲ့ ဘုတ်ပြင်းမြို့တို့မှာ ကျင်းပခဲ့ကြပါတယ်။

မြိတ်မြို့ ဆန္ဒပြပွဲကို လူငယ်အများအပြားကဦးဆောင်ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့က မြို့တွင်းက လမ်းတွေပေါ်မှာ ၅ မိုင်ကျော်ထိ လမ်းလျောက်ပြီး ငြိမ်းချမ်းစွာချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

တပ်မတော်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးကို အလိုမရှိတဲ့ မြိတ်မြို့က ပြည်သူတွေက ငြိမ်းချမ်းစွာ ချီတက် ဆန္ဒထုတ်ဖော်နေတာဖြစ်ပြီး ၁၃ ရက်နေ့ မြောက် ဆန္ဒထုတ်ဖော်တာလည်း ဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းမှာ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ လည်းပါဝင်ကြသလို CDM လှုပ်ရှားမှုပြုလုပ်နေတဲ့ မြိတ်မြို့နယ်အတွင်းက ဝန်ထမ်းတွေလည်း အများအပြား ပါဝင်ကြပါတယ်။

ဒါ့အပြင် CDM လုပ်ဖို့ကျန်ရှိနေတဲ့ ဝန်ထမ်းတွေကိုလည်း စစ်အာဏာရှင်အောက်မှာ အလုပ်အကျွေးမပြုဖို့ သပိတ်စစ်ကြောင်းနဲ့လာရောက်ပူးပေါင်းဖို့ကို ဆန္ဒပြပြည်သူတွေက မေတ္တာရပ်ခံနေတာလည်းရှိပါတယ်။

လက်ရှိမှာတော့ အဆိုပါသပိတ်စစ်ကြောင်းထဲက ဦးဆောင်သူအချို့ကိုလည်း မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်ဆောင်ရွက်နေသလို ဖမ်းဆီးရမိသူတစ်ယောက်မှ မရှိသေးပါဘူး။
အလားတူ ဘုတ်ပြင်းမြို့မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှုကို သရုပ်ပြမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ဖိအားပေးမှုတွေရှိနေတဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ အရပ်ဝတ်နဲ့သာ ဆန္ဒထုတ်ဖော်နေရတယ်လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
ဘုတ်ပြင်းမြို့နယ်ထဲမှာတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားဆောင်ရွက်မှု ပြုလုပ်နေတာ ၃ ရက်ရှိပြီဖြစ်ပြီး အဲဒီလိုဆန္ဒပြပွဲဦးဆောင်သူ ၃ ဦးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက တရာစွဲဆိုထားတယ်လို့လည်း သိရပါတယ်။
အောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013