DVB Logo
Home
မြန်မာသတင်း
လွိုင်ကော် CDM ဝန်ထမ်း သူနာပြုနှင့် ရဲများကို ငွေကျပ် ၂၁၅ သိန်းထောက်ပံ့
DVB
·
February 19, 2021
လွိုင်ကော် CDM ဝန်ထမ်း သူနာပြုနှင့် ရဲများကို ငွေကျပ် ၂၁၅ သိန်းထောက်ပံ့
Donate to DVB

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(Civil Disobedience Movement) မှာ ပါဝင်လာကြတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့က သူနာပြုနဲ့ ရဲဝန်ထမ်းတွေကို ငွေကျပ် ၂၁၅ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီပေးနေတဲ့ 21 Savage MM ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ဖေဖော်ဝါရီ ၁၈ ရက်က ဖော်ပြထားခဲ့တာပါ။

“ပြည်သူအားလုံးရဲ့ တစ်ခဲနက်ပံ့ပိုးမှုကြောင့် 21 Savage အနေနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့က “သူနာပြုတွေနဲ့ ပြည်သူ့ရဲတွေ” ကို ကျေးဇူးတင်ဂုဏ်ပြုငွေကျပ်သိန်းပေါင်း ၂၁၅ သိန်း ထောက်ပံ့နိုင်ခဲ့ပါတယ်။ အခုလို ကူညီထောက်ပံ့ပေးနိုင်ခဲ့တဲ့အတွက် CDM မှာ ပါဝင်နေတဲ့ ဆရာဝန်တွေနဲ့ ဆရာမတွေတည်ထောင်ထားတဲ့ လွိုင်ကော်မြို့ခံ ပြည်သူတွေအတွက် အကျိုးပြုဆေးခန်းလေးဟာလည်း ပုံမှန်လည်ပတ်နေနိုင်တာ မြင်တွေ့ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ CDM အရှိန်အဟုန်မပြတ်စေဖို့လည်း ဆက်လက်ပြီး ပြည်သူ့ဝန်ထမ်းများကို အစွမ်းကုန်ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ CDM မှာ ပါဝင်လိုက်ကြပါစို့”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော် အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန် ရေးလှုပ်ရှားမှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံတဝန်း မြို့တွေမှာ တခြားကဏ္ဍ အသီးသီးက ပြည်သူ့ဝန် ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားနေကြတာ ဖြစ်ပါ တယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၂၈၄ မြို့နယ်မှာ အစိုးရဝန်ထမ်းပေါင်း ၁၇,၀၀၀ ကျော်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013