
မကွေးမြို့မှာ ဖေဖော်ဝါရီ ၁၈ ရက်မနက်ပိုင်းက တိုင်းပညာရေးမှူးရုံးရှေ့မှာ CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ရဲတပ်ဖွဲ့က လာရောက်တားမြစ်နေရာရွှေ့ခိုင်းတာတွေ ရှိပေမဲ့ လူအင်အား ၃ သိန်းကျော်လောက်ရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းနဲ့ ပူးပေါင်း ချီတက်ခဲ့ကြပါတယ်။
တိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့မှာ CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ရုံးတက်နေတဲ့ ဝန်ထမ်းတွေအတွက် အနှောင့်အယှက်ဖြစ်လို့ဆိုပြီး ရဲတပ်ဖွဲ့က တားမြစ်နေရာ ရွှေ့ခိုင်းတာတွေ လုပ်ခဲ့ပါတယ်။
အင်အား ၃ သိန်းကျော်လောက်ရှိတဲ့ သပိတ်စစ်ကြောင်းဟာ ပညာရေးမှူးရုံးရှေ့ကို ရောက်ရှိလာပြီး WE WANT DEMOCRACY ဆိုတဲ့ ဗီနိုင်းအရှည်ကြီးတစ်ခုကိုလည်း ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
မကွေးမြို့ပေါ်လမ်းမတွေမှာ ရဲတပ်ဖွဲ့နဲ့ စစ်ကားတွေ၊ ဖြိုခွင်းရေးရေသယ်ကားတွေနဲ့အတူ လူ ၅ ယောက်ထက်ပိုမစုဝေးဖို့၊ ပုဒ်မ ၁၄၄ ကို လိုက်နာဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံ ကြေညာတာတွေ တွေ့ရပါတယ်။
မင်းထီး










