DVB Logo
Home
နိုင်ငံတကာ
အီရန်ရေနံရောင်းချမှုကို ဆက်ပိတ်ပါက ဒေသတွင်း မည်သည့်နိုင်ငံမှ ရေနံရောင်းချနိုင်မည်မဟုတ်ဟု အီရန်ပြော
DVB
·
September 30, 2026
Photo: POOL VIA WANA
Photo: POOL VIA WANA
Donate to DVB

အီရန်ရဲ့ ရေနံရောင်းချတာကို လာတားဆီးရင် ဒေသတွင်း ဘယ်နိုင်ငံမှ ရေနံတင်ပို့ရောင်းချနိုင်မှာ မဟုတ်ဘူးလို့ အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဘာခါ ကာလီဘက်ဖ်က စက်တင်ဘာ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဟော်မုဇ်ရေလက်ကြားနဲ့ ရေယာဉ်တွေ ဖြတ်သန်းသွားလာမှုနဲ့ ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့ စကားတွေကို အလကားနေရင်း ဂုဏ်ယူ ဟန်ဆောင်ပြီး ထပ်ပြောနေတာပါပဲလို့ သူက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ ပြောခဲ့တဲ့ပုံစံတွေနဲ့ အီရန်အပေါ် ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ခဲ့တာတွေက သူတို့ရဲ့ အပြုအမူ ဘယ်လိုမှ မပြောင်းလဲသေးဘူး ဆိုတာကို ပြနေတာပါပဲလို့လည်း ဆိုပါတယ်။

အမေရိကန်ဘက်က ဒီအခြေခံအမှန်တရားကို သေချာမတွက်ချက်နိုင်ဘူး ဆိုရင်တော့ အီရန်နိုင်ငံရဲ့ ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမှာ ဖြစ်ပါတယ်။

အီရန်နိုင်ငံ လုံခြုံမှုမရှိရင် ဒေသတွင်း ဘယ်နိုင်ငံ ဘာအဆောက်အအုံမှ လုံခြုံမှာ မဟုတ်ဘူးလို့ သူက ထပ်လောင်းပြောပါတယ်။

အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ အကြောက်တရားပေးတာတွေက ဒီယဉ်ကျေးမှုကြီးထွန်းကားတဲ့ နိုင်ငံကို ဘယ်တော့မှ အရှုံးပေးသွားစေမှာ မဟုတ်ဘူး ဆိုတာကို အမေရိကန်တွေ သိထားသင့်ပါတယ်၊ အီရန်အနေနဲ့ ဘယ်လိုကျူးကျော်မှု၊ မဆင်မခြင် လုပ်ဆောင်မှုမျိုးကိုမဆို ပြင်းထန်ပြီး နောင်တရစေမဲ့အပြင် တိကျမြန်ဆန်တဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အီရန်အပေါ် စစ်ဆင်ရတဲ့ အကြောင်းရင်းတွေထဲမှာ အီရန်နိုင်ငံကို နျူးကလီးယားလက်နက် လုံးဝ မတည်ဆောက်နိုင်အောင် အာမခံချက်ပေးဖို့ လိုအပ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထောက်ပြထားပါတယ်။

ဒါပေမဲ့ ကမ္ဘာတဝန်းက ကုန်စည်စီးဆင်းမှုတွေ၊ ရေနံနဲ့ စွမ်းအင်ဈေးကွက်တွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်လေ့လာပြီး အချက်အလက် ထောက်ပံ့ပေးနေတဲ့ Kpler ဒေတာကုမ္ပဏီရဲ့ အချက်အလက်တွေအရတော့ စက်တင်ဘာလအတွင်းမှာ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်ပို့မှုတွေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး စစ်ပွဲမဖြစ်မီက ပမာဏရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ တနေ့ကို ရေနံစည်ပေါင်း ၁၀ သန်းလောက်အထိ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013