DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ ရေဘေးသင့်ပြည်သူများ ဆေးဝါးနင့်စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
DVB
·
September 7, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မိုးများပြီး မြစ်ရေတက်လာတာကြောင့် ဒေသခံတွေ ရွှေ့ပြောင်းနေထိုင်နေရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးသည်းသည်းထန်ထန် ရွာတာကြောင့် တနင်္သာရီမြစ်ရေဟာ သြဂုတ် ၁၄ ရက်ကစပြီး စိုးရိမ်ရေအမှတ်အထက် ၁၀ လက်မအထိ မြင့်တက်လာတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

တနင်္သာရီမြို့အတွင်း မြေနိမ့်ပိုင်းမှာနေထိုင်တဲ့ ဒေသခံတချို့ဟာ ဘုန်းကြီးကျောင်းမှာ နေထိုင်နေကြပြီး တချို့ကတော့ ယာယီရေဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ဆေးဝါးတွေတော့ လိုအပ်မှာပေါ့။ ကိုက်ခဲတို့၊ နှာစေး ချောင်းဆိုးတို့ ဒီမှာက မိုးအဆက်မပြတ်ရွာတော့လေ။ ဒါပေမဲ့ ကျန်းမာရေးဌာနတော့ ရှိတယ်။ မြစ်ရေမဝင်အောင် ရေတံခါးတော့ ရှိတယ်။ ဒီရေတံခါးက ရေစတက်ကတည်းက ပိတ်ထားတယ်။ ဒီထဲမှာ မြစ်ကနေလျှံပြီး ဝင်လာတဲ့ရေတွေနဲ့ မိုးရွာတဲ့ရေတွေနဲ့ပေါ့။ အဲဒီရေတွေက တံခါးက ပိတ်ထားတာ ကြာတော့ ဒီရေတွေက ဘာဖြစ်လာလဲဆိုတော့ မည်းလာကုန်ပြီ။ ရေတွေက မသန့်ရှင်းတော့ဘူး။ ရေလည်းလျှံတော့ ယားတာတို့ ဘာတို့ ဖြစ်လာတယ်။ လောလောဆယ်တော့ ရေညစ်ပတ်နေတဲ့ အခက်အခဲတော့ ဖြစ်နေတယ်” လို့ ပြောပါတယ်။

တနင်္သာရီမြစ်ရေ တက်လို့ တနင်္သာရီမြို့အပြင် ပဝရွာ၊ ညောင်ပင်ကွင်းရွာ၊ လယ်တောင်ရွာနဲ့ မော်တုန်းရွာတို့မှာလည်း ရေဘေးသင့်ပြည်သူတွေ ရှိနေပြီး သောက်သုံးရေအခက်အခဲတွေ ကြုံနေရတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။

ကူညီပေးသူတယောက်က “လောလောဆယ် မော်တုန်းရွာမှာက အိမ်ခြေ ၂၀၀ ကျော်လောက် ရှိတယ်။ ဝမ်းပျက်ဝမ်းလျှောနဲ့ဆိုတော့ ရေသန့်တော့ အရေးကြီးတာပေါ့။ ရေသန့်ရယ်၊ ဓာတ်ဆားရယ်၊ အစာခြောက်တွေရယ် သူတို့အတွက် လိုအပ်နေတယ်” လို့ ပြောပါတယ်။

မြစ်ရေတက်တာကြောင့် တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးမှာလည်း ကုန်ကားနဲ့ ခရီးသည်ကားတွေ ပိတ်မိနေပြီး ဆိုင်ကယ်တွေကတော့ လှေနဲ့ ဖောင်တွေ အသုံးပြုပြီး သွားလာနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013