DVB Logo
Home
မြန်မာသတင်း
CDM ပါဝင်သည့် နေပြည်တော်သမဝါယမဦးစီးဌာန ဝန်ထမ်း ၈ ဦးကို အမှုဖွင့်
DVB
·
February 17, 2021
CDM ပါဝင်သည့် နေပြည်တော်သမဝါယမဦးစီးဌာန ဝန်ထမ်း ၈ ဦးကို အမှုဖွင့်
Donate to DVB

နေပြည်တော်မြို့မဈေးအနီးမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ သမဝါယမဦးစီးဌာနက ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဝင်ရောက်ဖမ်းဆီးတာမှာ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရပါတယ်။

အဆိုပါ ဝန်ထမ်း ၈ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အာမခံပေးခဲ့ပေမယ့် ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ နေပြည်တော်ဇမ္မူသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

“သူတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ပြီး မနေ့က အာမခံပေးလိုက်ပါတယ်” လို့ လိုက်ပါကူ ညီဆောင်ရွက်ပေးတဲ့ ရှေ့နေတွေက ပြောပါတယ်။

အာဏာသိမ်းအစိုးရကတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေတွေမှာ ဥပဒေမဲ့ ဆူပူဆန္ဒပြသူတွေကို ဖမ်းဆီးပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013