ကရင်ပြည်နယ် ကော့ကရိတ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၀ ရက်မြောက် ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပိတ်ဆို့ခဲ့ပေမယ့် ဆန္ဒပြသူနောက်တဖွဲ့ ထပ်ရောက်လာလို့ လမ်းဖွင့်ပေးခဲ့ရပါတယ်။
“လူအင်အား ၁ သောင်းကျော်တယ်။ ကရင်နှစ်သစ်ကူးကွင်းကထွက်ပြီး ဘုန်းကြီးလမ်း အရောက်မှာ စစ်တပ်နဲ့ရဲအင်အား ၃၀ လောက်က ပိတ်ထားတယ်။ အဲအချိန်မှာ မြို့တွင်းကနေ ဆန္ဒပြတဲ့ နောက်တဖွဲ့ထွက်လာပြီး နှစ်ဖက်ညှပ်သွားတော့ လမ်းဖွင့်ပေးတာကြောင့် ချောင်းတောင်လမ်းအတိုင်း ချီတက်ကြတယ်” လို့ ပါဝင်သူတယောက်က ပြောပါတယ်။
ဒါပေမယ့် ချောင်းတောင်တံတားမှာ နောက်တကြိမ်ပိတ်ဆို့ခံရတာကြောင် ထိုင်သပိတ် လုပ်ခဲ့ပြီး သပိတ်ခေါင်းဆောင်တွေက ညှိနှိုင်းအဆင်ပြေတာကြောင့် ဗိုလ်ချုပ်လမ်း၊ ဆေးရုံကုန်းဘေး တောင်စွန်းတံတာ၊ ချောင်းဦးစေတီလမ်းကနေ နှစ်သစ်ကူးကွင်းကို ပြန်လာပြီး လူစုခွဲခဲ့ပါတယ်။