DVB Logo
Home
မြန်မာသတင်း
CDM လှုပ်ရှားမှုတွင် မြို့နယ်ပေါင်း ၂၆၈ မြို့နယ်က အစိုးရဝန်ထမ်းပေါင်း သောင်းချီပါဝင်
DVB
·
February 17, 2021
CDM လှုပ်ရှားမှုတွင် မြို့နယ်ပေါင်း ၂၆၈ မြို့နယ်က အစိုးရဝန်ထမ်းပေါင်း သောင်းချီပါဝင်
Donate to DVB

အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)မှာ မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၆၈ မြို့နယ်ရှိ အစိုးရဝန်ထမ်းပေါင်း ၁၄,၀၀၀ ကျော် ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေကိုတော့ https://cdm2021.com/  အမည်နဲ့ အင်တာနက်စာ မျက်နှာပေါ်ကတဆင့် အချိန်နဲ့ တပြေးညီ လွှင့်တင်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေးလောကသားတွေကစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာနပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့လည် ၁၂ နာရီအချိန်ထိ ဝက်ဘ်ဆိုက်ဒ်ပေါ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ အစိုးရဝန်ကြီးဌာန ၂၃ ခု၊ CDM အစိုးရဌာန ၉၃၄ ခုနဲ့ လက်ထောက်ဆရာဝန်၊ သူနာပြု၊ ဦးစီးအရာရှိ၊ ညွှန်ကြားရေးမှူး၊ ပါမောက္ခ၊ ရုံးဝန်ထမ်း အစရှိတဲ့ ကျွမ်း ကျင်မှု/ရာထူးအလိုက် ၅၆၈ ခု၊ CDM အစိုးရဝန်ထမ်းပေါင်း ၁၄,၃၁၅ ယောက် ပါဝင်လာပြီ လို့ ဖော်ပြထားပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ နေရေး၊ စားရေး အခက်အခဲတွေ ကြုံတွေ့လာခဲ့ရင်လည်း We Support Heroes ၊ 21 Savage MM စတဲ့ အဖွဲ့တွေကို ဆက်သွယ်အကူအညီတောင်းခံနိုင်မှာ ဖြစ်ပါတယ်။  အဏာသိမ်း စစ်အစိုးရကတော့ CDM လှုပ်ရှားမှုကြောင့် အစိုးရလုပ်ငန်းတွေထိခိုက်မှု မရှိဘူးလို့  မနေ့က နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013