DVB Logo
Home
နိုင်ငံတကာ
အီရန်စစ်ပွဲကို ဆက်တိုက်ရန် အီရန်အတိုက်အခံခေါင်းဆောင် တိုက်တွန်း 
DVB
·
March 29, 2026
Photo: REUTERS/Daniel Cole
Photo: REUTERS/Daniel Cole
Donate to DVB

အီရန်မှာ အလုပ်ကို ပြီးအောင်လုပ်ဖို့ အီရန်အတိုက်အခံခေါင်းဆောင် ရေဇာ ပါလာဗီက အမေရိကန်ကို မတ် ၂၈ ရက်မှာ တောင်းဆိုပါတယ်။

လက်ရှိ အီရန်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းတာဟာ အမေရိကန်တွေအပေါ် ခြိမ်းခြောက်မှုဆီကိုသာ တွန်းပို့လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အီရန်က ဖြုတ်ချခံ ရှားဘုရင်ရဲ့ သားဖြစ်သူ ပါလာဗီဟာ တက္ကဆက်ပြည်နယ်က ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှု ညီလာခံမှာ မိန့်ခွန်းပြောခဲ့တာဖြစ်ပြီး နွေးနွေးထွေးထွေး ကြိုဆိုခံခဲ့ရပါတယ်။

သူဟာ စင်မြင့်ပေါ် တက်ချိန်မှာ မတ်တပ်ရပ် လက်ခုပ်တီး အားပေးတာ ခံခဲ့ရပြီး အီရန်ပြည်သူတွေ လွတ်မြောက်စေရေး ကူညီပေးမယ်လို့ ကတိပြုခဲ့လို့ ပရိသတ်ထဲက ရှေးရိုးစွဲဝါဒီတွေနဲ့ အီရန် အမေရိကန်တွေက စိတ်အား ထက်ထက်သန်သန်  လက်ခုပ်တီးခဲ့ကြပါတယ်။

အီရန်လက်ရှိအစိုးရရဲ့ အကြွင်းအကျန်တွေကို အားကိုးနိုင်တဲ့ တခုတည်းသောအရာက အချိန်ဆွဲဖို့၊ လိမ်ဖို့နဲ့ ခိုးဖို့သာ ဖြစ်တယ်လို့ ပါလာဗီက ပြောပါတယ်။

သူတို့ဟာ ငြိမ်းချမ်းရေးအတွက် ရိုးသားစစ်မှန်တဲ့ မိတ်ဖက်တွေ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့လည်း ပါလာဗီက ပြောပါတယ်။ 

သူတို့ဟာ အချိန်ဆွဲပြီး ညှိနှိုင်းဟန်ဆောင်ရင်း အမေရိကန်ရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်တဲ့ ဂျီဟတ်ဝါဒီ နည်းလမ်းဟောင်းတွေဆီ ပြန်သွားလိမ့်မယ်လို့လည်း သူက သတိပေးပြောပါတယ်။

အသက် ၆၅ နှစ်အရွယ် ပါလာဗီဟာ သူ့ကိုယ်သူ အသွင်ကူးပြောင်းရေးအစိုးရကို ဦးဆောင်ဖို့ အသင့်တော်ဆုံး ရွေးချယ်မှုအဖြစ် ဆွယ်တရားဟောခဲ့ပြီး အီရန်ကို အမြန်ဆုံးပြန်လာဖို့ အသင့်ရှိတယ်လို့ ပြောရင်း ၄၇ နှစ်ကြာ နိုင်ငံကနေ ပျောက်ကွယ်သွားမှုကို အဆုံးသတ်ခဲ့ပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ အတိုက်အခံတွေဟာ ပြိုင်ဘက် အုပ်စုတွေနဲ့ အယူဝါဒဆိုင်ရာ အုပ်စုတွေကြားမှာ ပြိုကွဲနေတာပါ။

ထရမ့်ပ်က ပါလာဗီဟာ အလားအလာရှိတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်ဆိုတာကို သံသယဝင်ကြောင်း အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး အီရန်နိုင်ငံထဲက တယောက်ယောက်က ပိုကောင်းနိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013