DVB Logo
Home
မြန်မာသတင်း
“စစ်တိုက်တတ်ရုံနဲ့ ဘဏ်ဝန်ထမ်းနေရာ အစားထိုး ရရိုးလား”- မင်းကိုနိုင်(ရုပ်သံ)
DVB
·
February 16, 2021
“စစ်တိုက်တတ်ရုံနဲ့ ဘဏ်ဝန်ထမ်းနေရာ အစားထိုး ရရိုးလား”- မင်းကိုနိုင်(ရုပ်သံ)
Donate to DVB

လက်ရှိမြန်မာနိုင်ငံတဝန်းမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထု လှုပ်ရှားမှုဟာ အရှိန်အဟုန်မြင့်တက်နေပြီး ပြည်သူ့ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)ဟာလည်း တစထက်တစ ပိုမိုအားကောင်းလာနေပါတယ်။

လတ်တလော အချိန်သီတင်းပတ် ၂ ပတ်ကြာလာခဲ့ချိန်မှာ ပြည်သူ့ဝန်ထမ်းတွေထဲက အစိုးရဘဏ်တွေ၊ ပုဂ္ဂလိကဘဏ်တွေရဲ့ အရေးပါမှုနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့အပေါ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က  CDM ကို မျက်ခြည်မပြတ်ဖို့နဲ့ လူစုခွဲမခံဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အပြည့်အစုံကို-

“သတင်းစာရှင်းလင်းပွဲအနေနဲ့ စစ်တပ်က လုပ်မယ်။ ဒါပေမဲ့ အဲဒါကို ပြည်သူအများက ဂရုစိုက်မှာလည်း မဟုတ်ဘူး။ ဒါကို အရောကို ဝင်မှာကို မဟုတ်ဘူး။ သတင်းသမားတွေထဲမှာလည်း သပိတ်မှောက်တာတွေလည်း ရှိမှာပဲ။ အထူးသဖြင့်ဗျာ… သတင်းဓာတ်ပုံတွေ တင်တဲ့သူတွေရဲ့ တန်ဖိုးကအစ ကျနော် ပြောချင်တယ်။ တချို့တွေက တင့်ကားတွေ၊ သံချပ်ကာကားတွေ အရှေ့မှာ ရိုက်ထားတဲ့ ပုံတွေမှာ ပျော်ရွှင်နေတယ်ဆိုတဲ့ ပုံမျိုးနဲ့ မဖြစ်ဘူး။  အဓိကက လှိုက်လှိုက်လှဲလှဲ နစ်နစ်နာနာ ခံစားရတဲ့ ပုံတွေ၊ ဒီလိုသံချပ်ကာ ကားတွေ အဝိုင်းခံထားရတဲ့အချိန်မှာ ပြည်သူတွေရဲ့ နာကျင်မှုတွေကို ပြနိုင်တဲ့လူ၊ စိတ်နှလုံးကို ညွတ်နူးသွားအောင် ဒါမျိုးတွေဟာ အင်မတန်မှ ကမ္ဘာကို ထိစေတဲ့၊ နှလုံးသားကို ထိမှန်စေတဲ့ ဓာတ်ပုံမျိုးတွေပေါ့၊ အဲဒီလို ဉာဏ်ပညာမျိုးနဲ့ တင်တာမျိုးကို လိုချင်တယ်ပေါ့၊ သူတို့ တန်ဖိုးပေါ့၊ ဒါသူတို့ရဲ့ ရွေးချယ်နိုင်မှုတန်ဖိုး”

“အဲဒီလိုပဲ သပိတ်မှောက်အဖွဲ့တွေကို လမ်းကြောင်းကို စီမံနေတဲ့လူတွေမှာလည်း သူတို့ရဲ့ ဗျူဟာကို နားလည်တဲ့သူတွေက ဦးဆောင်နေရတယ်။ တချို့ဆိုရင်ဗျာ ကျနော်တို့ တချို့အာရုံ လွှဲချင်တာတွေ ရှိတယ်၊ အင်အားကောင်းတဲ့နေရာကို မကောင်းအောင် ခွဲထုတ်ချင်တာတွေ ရှိတယ်၊ အဲဒီအခါမှာ လမ်းကြောင်းကို တာဝန်ယူနေရတဲ့သူတွေရဲ့ ဗျူဟာကျတဲ့ အမြာ်အမြင်တွေက အင်မတန် အရေးကြီးတယ်ဆိုတာကို ကျနော်ပြောချင်တာ၊ သပိတ်သမားတွေကို ထမင်းချက်ကျွေးရတဲ့သူတွေက အစ၊ ပိုစတာလေးတခုကိုင်ပြီး တာဝန်ထမ်းရတဲ့ ဖရဲသီးရောင်းတဲ့ ကလေးမလေးကအစ အားလုံးတာဝန်ရှိပါတယ်။ တန်ဖိုးလည်း ကြီးကြပါတယ်။

“ဒါပေမဲ့ အဓိကကတော့ တာဝန်ကြီးကြီးယူတဲ့ သူတွေရဲ့ ဉာဏ်အမြော်အမြင်တွေပေါ့၊ အဓိကအချက်က အမြဲတမ်းပြောတယ်၊ ဒီ CDM ကို မပျက်ဖို့ပဲ၊ မျက်ခြည်မပြတ်ဖို့ပဲ။ ဝန်ထမ်းပေါင်းစုံရဲ့ သပိတ်၊ အလုပ်မဆင်းရေးဆိုတာကို လုံးဝအာရုံ မပြတ်သွားဖို့ပဲ၊ အဲတော့ ရက်ပိုင်းတွေထဲမှာ တွေ့ရလိမ့်မယ်၊ ဒီအင်အားကောင်းနေတဲ့ သပိတ်တွေ၊ စည်းကမ်းကျတဲ့ သပိတ်တွေကို ဖြိုခွင်းတယ်ဆိုတာက ရိုက်နှက်မှ မဟုတ်ဘူး၊ တနေရာမှာ တခုခုဖြစ်နေပြီဆို ပြီးတော့ အင်အားတွေကို ခွဲထုတ်လိုက်တာမျိုးကအစ စဉ်းစားနိုင်ရမယ်၊ တကယ်လိုအပ်လို့ သွားပြီးတော့ ပေါင်းသင့်လား၊ သို့တည်းမဟုတ် ဒီမှာ အားကောင်းနေတာကို မလိုလားလို့ ခွဲချင်တာလား၊ ဒါတွေ ကျကျနန တွေးရလိမ့်မယ်”

“လူတိုင်းရဲ့ တန်ဖိုးတွေကိုလည်း ကျနော်တို့ အသိအမှတ်ပြုတယ်၊ အထူးသဖြင့်ဗျာ… ဘဏ်တွေဟာ အရေးအကြီးဆုံးနေရာမှာ ရောက်နေတယ်။ အဲဒီတော့ ဘဏ်ဝန်ထမ်းတွေနေရာမှာ ဘာနဲ့ သူတို့က အစားထိုးမလဲ၊ သေနတ်ပစ်ကောင်းတဲ့လူ၊ စစ်တိုက်ကောင်းတဲ့လူက ဘဏ်ဝန်ထမ်းတယောက် နေရာမှာ အစားထိုးလို့မရဘူး၊ သူ့တန်ဖိုးနဲ့ သူ၊ ဒါကို ကျနော်တို့ ပြောချင်တာ၊ အဲတော့ အခုနိုင်ငံတကာကို ရောက်နေတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေ၊ ကျနော်တို့ရဲ့ သွေးချင်းတွေဟာလည်း နေ့မအိပ်ညမအိပ်နဲ့ ဒီမြန်မာနိုင်ငံအကြောင်းကို ဖြေနေရတယ်၊ အမှန်တရားက အောင်ပွဲခံဖို့ ဖြေနေရတယ်၊ သူတို့တွေလည်း တန်ဖိုးရှိတယ်၊ ကိုယ်စီရှိကြတယ်၊ CDM ကို မျက်ခြည်မပြတ်ပါနဲ့၊ လူစုခွဲမခံပါနဲ့၊ CDM အားကောင်းဖို့ နံပါတ် ၁ ပါ၊ အရေးတော်ပုံ အောင်ရမယ်”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013