DVB Logo
Home
မြန်မာသတင်း
ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို ကုန်သည်စက်မှုအသင်းချုပ် ကန့်ကွက်
DVB
·
February 15, 2021
ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို ကုန်သည်စက်မှုအသင်းချုပ် ကန့်ကွက်
Donate to DVB

ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီဥပဒေ(မူကြမ်း)က ပြည်တွင်း ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တာ၊ တီထွင်ဆန်းသစ်မှုတွေကို အဟန့်အတား ဖြစ်စေနိုင်တာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာမှာ စိန်ခေါ်မှုတွေရှိနိုင်တာစတဲ့ အချက်တွေကြောင့် စောလျင်စွာ ပြဋ္ဌာန်းမယ့် အစီအစဉ်ကို ကန့်ကွက် ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

အချက် ၆ ချက်ပါ ထုတ်ပြန်ချက်ထဲမှာ အသင်းချုပ်ဟာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ကိုသာ အစဉ်တစ်စိုက်ကိုယ်စားပြုပြီး အစိုးရနဲ့ မသက်ဆိုင်တဲ့ (NGO) အဖွဲ့အစည်းတခု ဖြစ်ပြီး နည်းပညာ အဖွဲ့အစည်း မဟုတ်တဲ့အတွက် ဒီဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်ကသာ သဘောထားမှတ်ချက်ပြုသွားမယ်လို့ ဖော်ပြထားပါတယ်။

          မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ် စီးပွားရေး အောင်အောင်မြင်မြင် ပေါ်ပေါက်စေဖို့ လွတ်လပ်စွာ တီထွင်ကြံဆ လုပ်ဆောင်နိုင်တဲ့ ဝန်းကျင်ကောင်းနဲ့ ပံ့ပိုးကူညီတဲ့ ဥပဒေတွေ ရှိတာဟာ အလွန်အရေးပါကြောင်းနဲ့ ဆိုက်ဘာ လုံခြုံရေးဥပဒေ(မူကြမ်း)ကို အသင်းချုပ်မှ လေ့လာရာမှာ လုပ်ငန်းတွေ လည်ပတ်လုပ်ကိုင်နိုင်ဖို့ လိုက်နာရမယ့် ခက်ခဲတဲ့ ထိန်းချုပ်ချက်၊ တောင်းဆိုချက်၊ ကန့်သတ်ချက်၊ တားမြစ်ချက်တွေ များစွာပါဝင်နေတာကို တွေ့ရှိရပြီး ဒါဟာ မရှိမဖြစ်ဥပဒေ ဖြစ်ပေမယ့် လုပ်ငန်းတွေကို ထောက်ပံ့ကူညီတဲ့ အပြုသဘောဆောင်တဲ့ ဥပဒေမျိုး ဖြစ်သင့်ပြီး လိုက်နာဖို့  ခက်ခဲတဲ့ အချက်တွေ များစွာ ရှိနေပါက တိုးတက်မှု အရှိန်အဟုန်ကို ဟန့်တားမှု၊ ရပ်တန့်မှုတွေ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)မှာ လိုအပ်ချက်နဲ့ တောင်းဆိုချက်တွေဟာ လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်စေပြီး   လက်တွေ့လိုက်နာဖို့ ခက်ခဲပါက လက်ရှိနဲ့ ထပ်မံဝင်ရောက်လာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း အဟန့်အတားဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)မှာ ပါရှိတဲ့ လိုက်နာရမယ့် အကြောင်း အချက်တွေဟာ လုပ်ငန်းတွေ လက်တွေ့လိုက်နာ အကောင်အထည်ဖော်ရာမှာ အခက်အခဲများစွာ ဖြစ်စေနိုင်ကြောင်းနဲ့ ဒီဥပဒေ(မူကြမ်း)ဟာ အများနဲ့ သက်ဆိုင်ပြီး ကျယ်ပြန့်တဲ့ ဥပဒေဖြစ်တဲ့အတွက် ကဏ္ဍပေါင်းစုံမှ ပါဝင်ဆွေးနွေးမှုတွေကို အချိန်ယူကာ ရလဒ်တွေ ကို ထည့်သွင်းစဉ်းစားပြီးမှသာ ပြဋ္ဌာန်းလုပ်ဆောင်သင့်ကြောင်း ဖော်ပြထားတာ ဖြစ်ပါ တယ်။

ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းဟာ နိုင်ငံ့အကျိုး၊ ပြည်သူများအကျိုးနဲ့ စီးပွားရေး လုပ်ငန်း အားလုံးရဲ့အကျိုးအတွက် အသေးစိတ်ထပ်မံဆွေးနွေး ပြင်ဆင်ဖို့ လိုအပ်တာ ကြောင့် အဆောတလျင်ပြဋ္ဌာန်းမည်ဆိုပါက ပြင်းပြင်း ထန်ထန်ကန့်ကွက်သွားမယ်လို့ ကွန်ပျူတာ အသင်းချုပ်နှင့်ကွန်ပျူတာအသင်းတွေက သဘောထားထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၉ ရက်က ပေးပို့လာတာဖြစ်ပြီး အသေးစိတ် ဆွေးနွေး ပြင်ဆင်ဖို့ လိုအပ်တဲ့အပြင် အခုအခါသည်လည်း ဥပဒေကို ပြန်ဋ္ဌာန်းရမယ့် အချိန်အခါကောင်း မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013