
တရုတ်နိုင်ငံဟာ G20 ထိပ်သီးအစည်းအဝေးရဲ့ ဥက္ကဋ္ဌကြေညာချက်ကို မထောက်ခံတဲ့ G20 အစည်းအဝေးထဲက တခုတည်းသောနိုင်ငံ ဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆန့်က စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
ဈေးကွက်ကို အခြေမပြုတဲ့ စီးပွားရေးတွေ၊ ဈေးပေါပြီး အဆုံးမရှိတဲ့ ပို့ကုန်စီးကြောင်းတွေကို တွန်းအားပေးခြင်းက ရေရှည်တည်တံ့မှာ မဟုတ်ဘူးလို့ ဘက်ဆန့်က ပြောလိုက်တာပါ။
တခြား G20 အဖွဲ့ဝင် ၁၉ ဦးက ထောက်ခံတဲ့ ကြေညာချက်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းစက်မှု လုပ်ငန်းတွေနဲ့ အလုပ်အကိုင်ဈေးကွက်တွေကို တရုတ်သွင်းကုန် တွေဆီကနေ ကာကွယ်ရေး ပိုဆောင်ရွက်ကြဖို့ ထရမ့်ပ်အစိုးရက တခြား G20 နိုင်ငံတွေကို အင်္ဂါနေ့မှာ တိုက်တွန်းခဲ့ပါတယ်။
ဒီလုပ်ရပ်တွေက ကမ္ဘာ့စီးပွားရေးကနေ အလွန်လိုအပ်တဲ့ တိုးတက်မှုကို ‘စုပ်ယူ’နေတယ်လို့လည်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။











