DVB Logo
Home
မြန်မာသတင်း
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့ကို ယခုလ ၁၇ ရက်အထိ ချုပ်ရက် ရမန်ယူထား
DVB
·
February 15, 2021
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့ကို ယခုလ ၁၇ ရက်အထိ ချုပ်ရက် ရမန်ယူထား
Donate to DVB

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ ချုပ်ရက် ရမန်ယူထားပြီး အန်အယ်လ်ဒီသဘာပတိ   ဦးဝင်းထိန်ကတော့  ၁၉ ရက်နေ့အထိ ရမန်ယူထားတယ်လို့  ရှေ့နေက ပြောပါတယ်။

“ဒီနေ့ ရမန်ရက်ကုန်ပြီလို့သိရတာကြောင့်လာခဲ့ပေမယ့် ချုပ်ရမန်ကျန်သေးတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုပါတယ်။

“ဒီနေ့ ရမန်ကုန်တဲ့ရက်ဆိုပြီးတော့ လာတာပါ။ ခရိုင်တရားသူကြီးနဲ့ ကျနော်တို့ဆွေးနွေးပါတယ်။ သူ့ပြောပြချက်အရဆိုရင် ရမန်က ၁၇ ရက်နေ့အထိ ယူထားတာပါတဲ့။ ဒီနေ့ မဟုတ်ပါဘူးတဲ့။ တင်မယ်ဆိုရင်လည်း ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ တင်ပါ တဲ့။ နောက် တခါ Video Conferencing နဲ့ လုပ်မှာပါ တဲ့”

ဒီနေ့ ရုံးထုတ်မယ်ဆိုတဲ့ သတင်းတွေအရ ဒက္ခိဏခရိုင်တရားရုံးကို လာရောက်တာဖြစ်ပြီး တရားသူကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ရာမှာ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်ထိန်တို့ ၃ ‌ယောက်က ရှေ့နေငှားခွင့်ရှိလားလို့ မေးထားပြီး ငှားခွင့်ရှိပါတယ်လို့ ပြန်ဖြေထားကြောင်းလည်း သူက ပြောပါတယ်။

တရားရုံးအနေနဲ့ ရှေ့နေပါမှ အမှုကို ဆက်သွားလို့ရမယ်လို့လည်း ပြောပါတယ်။ အန်အယ်ဒီ သဘာပတိ ဦးဝင်းထိန်ကိုလည်း ၁၉ ရက်နေ့အထိ ရမန်ယူထားပြီး ဘယ်ရုံးလဲ မသိသေးပါဘူး။

သမ္မတအပါအဝင် ဖမ်းဆီးခံထားရသူတွေနဲ့ တွေ့ဖို့လည်း ထပ်ဖို့ ကြိုးစားမယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013