ပူတာအိုရှိ မြန်မာ့စီးပွားရေးဘဏ်ကို စစ်တပ်ဝင်ရောက်
DVB
·
February 15, 2021

1 / 3
ကချင်ပြည်နယ် ပူတာအိုမြို့က မြန်မာ့စီးပွားရေးဘဏ်ကို ဖေဖော်ဝါရီ ၁၅ ရက်မနက်ပိုင်းက စစ်အာဏာသိမ်းစစ်တပ်က ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ဟာ ဖွင့်ထားတာမို့ စစ်သားတွေအထဲထိ ၀င်လာပြီး အထက်အမိန့်အရ လာကြောင်းပြောသွားတယ်လို့ ဘဏ်၀န်ထမ်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အလားတူ ပူတာအိုရှိ CB Bank ခွဲကိုလည်း စစ်တပ်က လာရောက်ခဲ့ပြီး ဘဏ်ပိတ်ထားခဲ့တာကြောင့် ဘဏ်အတွင်းထိ ၀င်ရောက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။










